Latest News

Friday, May 18, 2018

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း Power Full စက်သုံးဆီအရောင်းဆိုင်အနီးတွင်TJ ခရီးသည်ယာဉ် တစ်စီးတိမ်းမှောက်ခဲ့ရာခရီးသည် (၈)ဦးဒဏ်ရာရရှိမှုဖြစ်ပွား

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း Power Full စက်သုံးဆီအရောင်းဆိုင်အနီးတွင်TJ ခရီးသည်ယာဉ် တစ်စီးတိမ်းမှောက်ခဲ့ရာခရီးသည် (၈)ဦးဒဏ်ရာရရှိမှုဖြစ်ပွား

မိတ္ထီလာ ၊မေလ၁၈

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) Power Full စက်သုံးဆီအရောင်းဆိုင်အနီးတွင် မေလ ၁၈ ရက်နေ့ နံနက် ၁၀နာရီ ၁၀ မိနစ်အချိန်ကTJခရီးသည်မော်တော်ယာဉ်တစ်စီးအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ရာခရီးသည် (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)အတိုင်း မိတ္ထီလာဘက်မှ နေပြည်တော်သို့  ယာဉ်မောင်းဟိန်းဘိုးအောင် (၂၆)နှစ် ဇမ္ဗူသီရိမြို့နေသူမောင်းနှင်လာသော TJ ခရီးသည်ယာဉ် ယာဉ်အမှတ် NPW-3P/------သည် ခရီးသည် (၁၅)ဦးတင်ဆောင်၍ မောင်းနှင်စဉ် မိုင်တိုင်အမှတ် ၃၃၃/၃ နှင့် ၃၃၃/၄ အကြားလမ်းအကွေ့အရောက်၌ ယာဉ်အားချိုးကွေ့ရန် ဘရိတ်အားနင်းလိုက်စဉ် ကားလမ်းးအလယ်၌ ယာဉ်တိမ်းမှောက်လဲကျသွားခဲ့ရာယာဉ်ပေါ်ပါ ခရီးသည် (၁၅)ဦးအနက်  အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၄)ဦးစုစုပေါင်းခရီးသည် (၈)ဦးဒဏ်ရာများရရှိခဲ့၍ မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုလျှက်ရှိသည်။၎င်းယာဉ်တိမ်းမှောက်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးညွှန့်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူး မြင့်စိုးနှင့် တပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်ကူညီဆောင်ရွက်ခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်လဲကျပြီးခရီးသည်များဒဏ်ရာရရှိအောင် ယာဉ်အားမဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူဟိန်းဘိုးအောင်အား မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)
မြန်​မာ့အလင်း

No comments:

Post a Comment