Latest News

Friday, May 18, 2018

မန္တလေး-လားရှိုး-မူဆယ် လမ်းရှိ စံလောင်းရွာအနီင်္း ခရီးသည်တင်ယာဉ်နှင့် တွဲယာဉ်တိုက်မိတစ်ဦးသေ ၊လေးဦး ဒဏ်ရာရ

မန္တလေး-လားရှိုး-မူဆယ် လမ်းရှိ စံလောင်းရွာအနီင်္း ခရီးသည်တင်ယာဉ်နှင့် တွဲယာဉ်တိုက်မိတစ်ဦးသေ ၊လေးဦး ဒဏ်ရာရ

သီပေါ  မေ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် စံလောင်းကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ် သွားပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၄၃/၄-၅)အကြား၌  မေ(၁၈)ရက်နံနက် ၈ နာရီခွဲကမန္တလေးမှမူဆယ်သို့တက်မည့်ယာဉ်မောင်း အောင်ခိုင်မင်း မောင်းနှင်သော AA ယာဉ်လိုင်းမှ ယာဉ်အမှတ် 1F/-----ခရီးသည်တင်မှန်လုံယာဉ်သည် စံလောင်းရွာကုန်းအဆင်း အရှိန်မထိန်းနိုင်ဘဲ ယာဉ်နောက်ပိုင်းဖြင့် လားရှိုးမှ မန္တလေးသို့ဆင်းမည့်ယာဉ်မောင်း သောင်းနိုင်ဦး မောင်းနှင်သော ယာဉ်အမှတ် 9H/-----တွဲယာဉ်၏ဦးခေါင်းအားဝင်ရောက်တိုက်မိသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျွဲထိကျေးရွာတွင်နေထိုင်ကြသော မဌေးဌေးနိုင်(၃၂)နှစ်မှာ နေရာတွင် သေဆုံးသွားပြီး မဌေးဌေးဝင်း(၄၅)နှစ် ၊မပိုးသီရီစံ(၁)နှစ် ခွဲ (စိုးရိမ်ရ)တို့နှင့်မိတ္ထီလာမြို့နေ ယာဉ်နောက်လိုက် ကိုညီလင်းတို့မှာဒဏ်ရာများရရှိုသဖြင့် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေကြရသည်။

အခင်းဖြစ်ပွားရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများ၊ အမှတ်(၁၂၀)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(သီပေါ)တပ်စိတ်ယာဉ်ထိန်းတာဝန်ခံတပ်ကြပ်ကြီး ၀င်းဇော်လတ်နှင့် အဖွဲ့တို့ကလိုအပ်သည်များကိုကူညီဆောင်ရွက်ပေးကြပြီးယာဉ်မဆင်မခြင်မောင်းနှင်သည့်ယာဉ်မောင်း သောင်းနိုင်ဦး အားသီပေါရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

စိုင်း(သီပေါ)မြန်​မာ့အလင်း

No comments:

Post a Comment