ရန်ကုန် မေ ၁၉
50 th Media မှ တာဝန်ယူ ကျင်းပလျက် ရှိသော ငါးနိုင်ငံ Lethwei National ရွှေခါးပတ် ချန်ပီယံလုပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် တွဲဆိုင်းများ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကီလိုတန်းသုံးခု ပါဝင်သော Lethwei National ရွှေခါးပတ် ချန်ပီယံလုပွဲတွင် ကွာတားဖိုင်နယ် ပွဲစဉ် (၁) နှင့် (၂) ကို ဧပြီ ၂၉ ရက်နှင့် မေ ၁၃ ရက်တို့က ကျင်းပခဲ့ပြီး ပြည်တွင်းမှ လက်ဝှေ့ကျော် အများစု ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ကြသည်။ ဧပြီ ၂၉ ရက်က ကျင်းပခဲ့သော ကွာတားဖိုင်နယ် ပွဲစဉ် (၁) တွင် စောဖိုးထွန်း၊ ယျှူခလိန်းမင်း၊ ရဲတံခွန်၊ ကျော်ထက်၊ ဆန်းသူဦးနှင့် ကြယ်စင်ဖြိုးတို့သည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး မေ ၁၃ ရက်က ကျင်းပခဲ့သော ကွာတားဖိုင်နယ်ပွဲစဉ် (၂) ၌ ခွမ်ဖစ်(ထိုင်း)၊ ရဲသွေးနီ၊ စောမင်းအောင်၊ စိုးထက်ဦး၊ ကျားပေါက်နှင့် မင်းမောင်မောင် တို့မှာလည်း ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည်။
Lethwei National ရွှေခါးပတ်ချန်ပီယံလုပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး (၅၇ - ၆၁) ကီလိုတန်း စောဖိုးထွန်းနှင့် ခွမ်ဖစ် (ထိုင်း)၊ ယျှူခလိန်းမင်းနှင့် ရဲသွေးနီ၊ (၆၂ - ၆၆)ကီလိုတန်း စောမင်းအောင်နှင့် ရဲတံခွန်၊ စိုးထက်ဦးနှင့် ကျားပေါက်၊ (၆၇ - ၇၁) ကီလိုတန်း မင်းမောင်မောင်နှင့် ဆန်းသူဦး၊ ကျော်ထက်နှင့် ကြယ်စင်ဖြိုးတို့ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment