Latest News

Friday, May 18, 2018

ထိုင်းနိုင်ငံတောင်ပိုင်း Girut ရာဘာခွဲစက်ရုံအလုပ်သမားအခက်အခဲ မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် MPC တို့ဖြေရှင်းနိုင်ခဲ့

ထိုင်းနိုင်ငံတောင်ပိုင်း Girut ရာဘာခွဲစက်ရုံအလုပ်သမားအခက်အခဲ မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် MPC တို့ဖြေရှင်းနိုင်ခဲ့

စူရတ်ဌာနီ    မေ  ၁၈

ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီခရိုင် ထာ့ချမ်းမြို့ရှိ Girut ရာဘာသစ်ခွဲ စက်ရုံသည် ယခုနှစ် ဧပြီလ ၃၀ရက်နေ့မှစ၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း သွားသည့်နောက် စက်ရုံရှိမြန်မာအလုပ်သမား၃၅ဦးကို ယခင်လုပ်ငန်းအစား စက်ရုံသန့်ရှင်းရေးလုပ်ငန်းများခိုင်စေခဲ့ရာ အလုပ်သမားများက မလုပ်နိုင်သ ဖြင့် အလုပ်သမားသံအရာရှိထံဆက်သွယ်အကူညီတောင်းခံခဲ့မှုကို မေလ (၁၆) ရက်နေ့က ဖြေရှင်းနိုင်ခဲ့ကြောင်းသိရသည်။

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးနှင့် မြန်မာသံရုံး ဥပဒေ အကြံပေးအရာရှိ ရှေ့နေ ဦးအောင်မျိုးသန့်၏ လမ်းညွှန်ချက်ဖြင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF)အဖွဲ့ သည် ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားစောင့်ရှောက်ရေးကော်မတီ(MPC)နှင့် Girut ရာဘာသစ်ခွဲစက်ရုံ ရှိ အလုပ်သမားများနှင့်သွားရောက်တွေ့ဆုံပြီးနောက် ထိုင်းအလုပ်သမားဥပဒေအတိုင်း နစ်နာကြေးများရရှိစေရန် ဆောင်းရွက်ပေးခဲ့ကြောင်းသိရသည်။
 “အခုလိုအလုပ်နားလိုက်ရတဲ့အတွက် MOUစည်းကမ်းချက်အတိုင်း အလုပ်သမားတစ်ယောက် ကို နစ်နာကြေးတစ်လစာ၉၆၀၀ဘတ်နဲ့အလုပ်သမားတွေစတင်အလုပ်နားရတဲ့အချိန်ကနေ ယနေ့အချိန်ထိ လုပ်အားခ၁၂ရက်စာ၃၈၄၀ဘတ်တို့ကိုပါတစ်ခါတည်းပေးခဲ့သလို အဲဒီ အလုပ်သမားတွေအလုပ်သစ်ကို ပြောင်းရွှေ့ဖို့ပါဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

 ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရာဘာလုပ်ငန်း၊ဆီအုန်းလုပ်ငန်းနှင့် ပင်လယ်စာထုတ်လုပ်ခြင်း လုပ်ငန်းများကို အများဆုံးလုပ်ကိုင်လျက်ရှိပြီး၊ ၄င်းလုပ်ငန်းများတွင် မြန်မာအလုပ်သမားအများအပြား အလုပ်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

 ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့အလုပ်လုပ်ကိုင်လျက်ရှိသည့်စက်ရုံးသည် အခြေအနေအရပ်ရပ်အရ ရပ်ဆိုင်းခဲ့သည့်နောက် ဥပဒေ အတိုင်းအကျိုးခံစားခွင်များကို လုပ်ငန်းရှင်မှ မဆောင်ရွက်ပေးပါက အလုပ်သမားများကိုယ်တိုင် အလုပ်သမား သံအရာရှိရုံး ဖုန်းနံပါတ်များသို့လည်းကောင်း ၊ Viber , Line , Facebook မှ လည်းကောင်းဆက်သွယ် အကြောင်းကြားနိုင်ပြီ အလုပ်သမားသံအရာရှိရုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ ၏ဥပဒေနှင့်အညီ လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးမည်းဖြစ်ပြီး အကူအညီရယူလိုပါက မြန်မာအလုပ်သမားများစောင့်ရှောက်ရေး ကော်မတီ (ထိုင်းတောင်ပိုင်း) Migrant Prorection Committee (MPC) ဖုန်း 062-7457432 သို့ ဆက်သွယ်နိုင်ကြောင်းသိရှိရသည်။

နန္ဒကျော်စွာ(မြန်​မာ့အလင်း)

No comments:

Post a Comment