Latest News

Friday, May 18, 2018

မြောက်ကိုရီးယားနှင့် အမေရိကန် ပြေလည်စေရန် တောင်ကိုရီးယား ဖျန်ဖြေပေးမည်

မြောက်ကိုရီးယားနှင့် အမေရိကန် ပြေလည်စေရန် တောင်ကိုရီးယား ဖျန်ဖြေပေးမည်

ဆိုး မေ ၁၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်ပြီးနောက် အဆိုပါ နှစ်နိုင်ငံ ပြေလည်မှု ရရှိစေရန်အတွက် တောင်ကိုရီးယားက ကြားဝင်ဖျန်ဖြေပေးမည် ဖြစ်ကြောင်း သမ္မတမွန်ရုံးက မေ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ကင်ဂျုံအွန်နှင့် ထရမ့်တို့သည် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း အမေရိကန် အစိုးရ အနေဖြင့် နျူကလီးယား လက်နက်များ စွန့်လွှတ်ရေးကိုသာ မရမက ဆက်လက်တောင်းဆို နေပါက ထိုဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက မေ ၁၆ ရက်တွင် ခြိမ်းခြောက်ထားသည်။

ထို့ပြင် မြောက်ကိုရီးယား အစိုးရအနေဖြင့် ခြောက်လအတွင်း နျူကလီးယား ထိပ်ဖူးများ၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များနှင့် အခြားနျူကလီးယား ပစ္စည်းများကို ပြည်ပသို့ပို့ဆောင်ရန် အမေရိကန် အစိုးရက တောင်းဆိုခဲ့သည်ဟု ဂျပန်နိုင်ငံထုတ် Asahi သတင်းစာက မေ ၁၇ ရက်တွင်ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပုံမှန်ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ပစ်မှတ်ထားသည့် ရန်စမှုဟု မြောက်ကိုရီးယား အစိုးရက စွပ်စွဲလိုက်ပြီးနောက် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးမှာ မသေချာ မရေရာသည့် အခြေအနေသို့ ရောက်ရှိလာသည်။

သို့သော် အဆိုပါ ထိပ်သီးဆွေးနွေးပွဲ အကောင်အထည်ပေါ်လာရေး မသေချာသော်လည်း နျူကလီးယား ကင်းစင်အောင် လုပ်ဆောင်ရန် မြောက်ကိုရီးယားကို ဆက်လက် တိုက်တွန်းသွားမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြောင်း သိရသည်။

MWD

No comments:

Post a Comment