Latest News

Monday, May 28, 2018

စစ်ကိုင်းတိုင်းရှိ မြို့နယ် ဆေးရုံများတွင် သက်တမ်းလွန်ဆေးဝါးများ ထားပါက အရေးယူမည် ဟု လူမှုရေးဝန်ကြီးပြော

စစ်ကိုင်းတိုင်းရှိ မြို့နယ် ဆေးရုံများတွင် သက်တမ်းလွန်ဆေးဝါးများ ထားပါက အရေးယူမည် ဟု လူမှုရေးဝန်ကြီးပြော


       စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာန လက်အောက်ရှိ  ဆေးရုံများတွင် သက်တမ်းလွန်ဆေးဝါးများ ထားပါက  အရေးယူသွားမည်ဟုလူမှုရေး ၀န်ကြီးဒေါက်တာဇော်ဝင်း ကပြောကြားလိုက်သည်။

   
       မိမိဒေသ အလိုက် ဆေးဝါးလိုအပ်ချက်၊တက်ရောက်ကုသော လူနာအနည်းအများအပေါ် မူတည်၍ ဆေးဝါးများကို အသုးံပြုရာတွင် ဆေးဝါးပိုလျံခြင်း၊လိုအပ်ခြင်းများရှိပါက သက်ဆိုင်ရာ မြို့နယ် ကုသရေးဦးစီးမှူး နှင့်အထက်အဆင့်ဆင့် အကြီးအကဲများထံသို့ တင်ပြ၍ ဆေးဝါးအလေအလွင့်မရှိစေရေး စီမံထားကြောင်း  သိရသည်။

      “ဆေးဂိုဒေါင်တဲ့ ဆေးကိုင်တဲ့သူတို့ကို ကျွန်တော်အမြဲတမ်းမှာတယ်၊checklist တွေနဲ့ဝင်သွားလိုက်ရင်ဘယ်ဆေးက ဘယ်ချိန်လောက် ဒိတ်လွန်မှာပဲ အမြဲတမ်းစစ်ဆေးခိုင်းပါတယ်၊ ၆လ လိုခါနီးဆို ကိုယ်ကုန်နိုင်သလောက်ပဲထားဖို့ပါ၊တကယ်လို့အဲဒီအတိုင်းမဆောင်ရွက်နိုင်ရင် ၀န်ထမ်းစည်းကမ်းအရ အရေးယူသွားမှာပါ “ဟု ဒေါက်တာဇော်ဝင်းကပြောသည်။

      မြို့နယ်များတွင် သက်တမ်းလွန်ဆေးဝါးများ မရှိစေရေး တိုင်းအစိုးရမှ မည်သို့ စီမံဆောင်ရွက်မည်ကို သိလိုကြောင်းအား ၀န်းသိုမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်းက မေလ ၂၂ ရက်တွင်ပြုလုပ်သော ၁၄ကြိမ်မြောက်စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးတွင်လည်း မေးမြန်းခဲ့သည်။

 “ခရိုင်၊မြို့နယ် တိုက်နယ် ဆေးရုံတွေအတွက် ဒေသနဲ့ကိုက်ညီတဲ့  လိုအပ်တဲ့ဆေးဝါး၊ဆေးပစ္စည်းတွေကို ၀ယ်ယူနိုင်ဖို့ မြို့နယ်အဆင့်ဆေးရုံအထောက်အကူပြု အဖွဲ့ နဲ့မြို့နယ် စီခန့်ကော်မတီတို့ ပူးပေါင်းပြီး ခရိုင်၊မြို့နယ် အဆင့် တင်ဒါ ၀ယ်ယူနိုင်ရေး ဆောင်ရွက်ရင် ပိုကောင်းမယ် “ဟု ဒေါ်ခိုင်ခိုင်ဝင်း ကပြောသည်။

      ဆေးရုံများတွင်လိုအပ်မည့် ဆေးဝါးများအား တွက်ချက် ရာတွင်ဆရာဝန်များ၏ အရည်အချင်းနှင့်စိတ်ဝင်းစားသော အပိုင်းမတူ ညီခြင်းကြောင့် ဆေးလိုအပ်ချက်များ မတူညီနိုင်ကြောင်း ၊ဆေးနှင့်ဆေးပစ္စည်းများကို တိုင်းဒေသကြီးအဆင့်မှ ၀ယ်ယူဖြန့်ဖြူးသော်လည်း သက်တမ်းလွန်နေသော ဆေးဝါးများဖြစ်ပေါ်လာပါက လက်ရှိ လက်ဝယ်တွင် ထားရှိသော ဆေးရုံတာဝန်သာ ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်မှာ ဗဟိုအဆင့်မှ တာဝန်မယူနိုင်သည့်သဘော သက်ရောက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်တွင် ဆွေးနွေးပြောဆိုခဲ့သည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment