Latest News

Saturday, May 12, 2018

မိုင်းယောင်း-မိုင်းဖြတ်သွား ကားလမ်း​ချောက်အတွင်း၌ ရက် ၂ဝ ကျော်ပျောက်ဆုံးနေသော သံဃာတော် တစ်ပါး သေးဆုံးလျက်တွေ့ရှိ

မိုင်းယောင်း-မိုင်းဖြတ်သွား ကားလမ်း​ချောက်အတွင်း၌ ရက် ၂ဝ ကျော်ပျောက်ဆုံးနေသော သံဃာတော် တစ်ပါး သေးဆုံးလျက်တွေ့ရှိ

မိုင်းယောင်း   မေ   ၁၂

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းမြို့နယ်၊ ဝမ်ဖကျေးရွာအနီး မိုင်းယောင်း-မိုင်းဖြတ်သွား ကားလမ်းမယာဘက်ရှိ အနက်ပေ ၃ဝဝ ကျော်ခန့် ချောင်အတွင်း၌ မေ ၁၂ ရက် နံနက်ပိုင်းက ရက် ၂ဝ ကျော်ပျောက်ဆုံးနေသော သံဃာတော်တစ် သေဆုံးလျက်တွေ့သည်။

 ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက် ၆ နာရီခန့်တွင် မိုင်းယောင်း-မိုင်းဖြတ်သွားကားလမ်းမ၊ ကီလိုမီတာတိုင်အမှတ် ၃၉/၄ဝ အကြား လမ်းယာဘက်ရှိ အနက်ပေ ၃ဝဝ ကျော်ခန့်ရှိ ချောက်အတွင်းတွင် ကားတစ်စီး ပြုတ်ကျနေကြောင်း သတင်းအရ မိုင်းယောင်းမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး စံလင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အခင်းဖြစ်ရောသို့ သွားရောက်စစ်ဆေးရာ မိုင်းယောင်းမြို့နယ်၊ ဝမ်ဖကျေးရွာအနီး မိုင်းယောင်း-မိုင်းဖြတ်သွား ကားလမ်းမ၊ ကီလိုမီတာတိုင်အမှတ် ၃၉/၄ဝ အကြား လမ်းယာဘက်ရှိ အနက်ပေ ၃ဝဝ ကျော်ခန့်ရှိ ချောက်အတွင်း၌ Mark-II  အဖြူရောင် မော်တော်ယာဉ် တစ်စီး ကြေမွပျက်စီး၍ ဘေးတစ်စောင်းတိမ်းမှောက်လျက်ရှိပြီး ယာဉ်၏ ရှေ့တွင် မြေကြီးထဲတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်နစ်မြုပ်နေပြီး ဘယ်ဘက်ပေါင် တစ်ခြမ်းပေါ်လျက် အနေအထားဖြင့် ပုပ်ပွသေဆုံးနေသော သံဃာတော် တစ်ပါး၏ အလောင်း အား စစ်ဆေးတွေ့ရှိရပြီး မော်တော်ယာဉ်ပြုတ်ကျရာ လမ်းကြောင်းအပေါ် အမြင့်ပေ ၂ဝဝ ခန့်တွင် ပြုတ်ကျနေသော ဦးပညိန္ဒ၊ (သက်တော် ၄၈ နှစ်)၊ ညောင်ကုန်းရွာ၊ ဆည်တိုကျေးရွာအုပ်စု၊ မလှိုင်မြို့နယ် ဟုပါရှိသည့် စိစစ်ရေးကတ်ပြား တစ်ပြားအား ရှာဖွေတွေ့ ရှိပြီး၊ ဆက်လက်စုံစမ်းရာ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မိုင်းဟော့ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်သီတင်းသုံးလျက် ရှိကြောင်း၊ လွန်ခဲ့သော သုံးလခန့်က ၄င်းမော်တော်ယာဉ်ဖြင့် တာချီလိတ်သို့ ကိုယ်တိုင်မောင်းနှင်၍ တစ်ပါးတည်းထွက် ခွာသွားကြောင်း၊ တာချီလိတ်တွင် နှစ်လကျော်ခန့် နေထိုင်ပြီး မိုင်းယောင်းသို့ ပြန်လာ ခဲ့ကြောင်း၊ ကျောင်းသို့ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေသည်မှာ ရက် ၂ဝ ခန့်ရှိပြီဖြစ် ကြောင်း စုံစမ်းသိရှိ ခဲ့သည်။

 ဖြစ်စဉ်မှ မော်တော်ယာဉ်ပြုတ်ကျရာမှ သေဆုံးသွားသည့် လူအမည် ဦးအောင်ကျော်မိုး၊ ရဟန်းအမည် ဦးပညိန္ဒအား မိုင်းယောင်းမြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment