Latest News

Thursday, May 17, 2018

အထပ်မြင့် အဆောက်အအုံမှ ပြုတ်ကျခါနီးမှန်ကို မီးသတ်တပ်ဖွဲ့ ကူညီဖယ်ရှားပေးခဲ့

အထပ်မြင့် အဆောက်အအုံမှ ပြုတ်ကျခါနီးမှန်ကို မီးသတ်တပ်ဖွဲ့ ကူညီဖယ်ရှားပေးခဲ့

ရန်ကုန် မေ ၁၇

ရန်ကုန်မြို့     လမ်းမတော်မြို့နယ်အတွင်းရှိ အထပ်မြင့်အဆောက်အအုံတစ်လုံးမှ ပြုတ်ကျ ခါနီးမှန်တစ်ချပ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များက ကူညီဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် (၈)ရပ်ကွက် ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ရှိ  MAC Tower II  ၏ အထပ် ၁ဝ နှင့် ၁၁ ထပ်ကြား လှေကားခွင်တွင် တပ်ဆင်ထားသော လေကာမှန်တစ်ချပ်မှာ ပြုတ်ကျခါနီးဖြစ်နေခဲ့သည်။ ထိုဖြစ်စဉ်ကို တာဝန်သိပြည်သူတစ်ဦးက လမ်းသွား လမ်းလာ ပြည်သူများ အန္တရာယ်မဖြစ်စေရန် အတွက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ တယ်လီ ဖုန်းဖြင့်ဆက်သွယ် အကူအညီတောင်းခံခဲ့သည်။

ထို့နောက် နီးစပ်ရာ ကျောက်တံတားမြို့နယ်  မီးသတ်တပ်ဖွဲ့စခန်းမှ    တပ်ဖွဲ့ဝင်များသည် လှေကားတင်  မီးသတ်ယာဉ်တစ်စီး၊ ရှာဖွေ ကယ်ဆယ်ရေး  မီးသတ်ယာဉ်တစ်စီးတို့ဖြင့် အထပ်မြင့်အဆောက်အအုံပေါ်သို့ ခက်ခက်ခဲခဲ တက်ရောက်ကာ ပြည်သူများ အန္တရာယ်မဖြစ်စေ ရေးအတွက် အချိန်မီ ဖယ်ရှားဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ကြေးမုံ၊ ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့

No comments:

Post a Comment