Latest News

Saturday, May 26, 2018

ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့်ယာဉ်ပိတ်ဆို့မှု မဖြစ်စေရန်​ အိမ်​မဲမြို့ တွင်တစ်လမ်းမောင်းစနစ်ကျင့်သုံးပေး

ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့်ယာဉ်ပိတ်ဆို့မှု မဖြစ်စေရန်
အိမ်​မဲမြို့ တွင်တစ်လမ်းမောင်းစနစ်ကျင့်သုံးပေး

အိမ်မဲ - မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့အတွင်း မြို့မဈေးကြီးအရှေ့ဒုတိယလမ်းတွင်ယာဉ်အန္တရာယ်ကင်းရှင်း စေရန်နှင့် ယာဉ်ပိတ်ဆို့မှုမဖြစ်စေရန်အိမ်မဲမြို့တွင်တစ်လမ်းမောင်းစနစ်ကျင့်သုံးသည့်စနစ်ပညာပေးခြင်းကို မေ ၂၆ ရက် နံနက် ၇ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးမြန်မာနိုင်ငံရဲတပ်ဖွဲ့ မီးသတ်ဦးစီးဌာန မစက အဖွဲ့တို့မှ တာဝန်ရှိသူများကပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

''တစ်လမ်းမောင်းစနစ်မကျင့်သုံးခင်ကဈေးရှေ့မှကားတစ်စီးဝင်လာပြီဆိုရင် လမ်းပိတ်တော့တာပဲ နောက်ပြီးကားအကွယ်ကနေဟွန်းမတီးပဲကျော် တက်လာတဲ့အတွက် တစ်စီးနဲ့တစ်စီး ယာဉ်တိုက်မှုတွေဖြစ်ကုန်တယ် ခုလိုတစ်လမ်းမောင်းစနစ်ကိုပြုလုပ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ခြင်း အန္တရာယ်ပါကင်းစေတဲ့အတွက် ဝမ်းသာပါတယ်ဟု'' လမ်းသွားလမ်းလာတစ်ဦးကပြောခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

No comments:

Post a Comment