Latest News

Saturday, May 26, 2018

ဖျာပုံ၌ ကလေးဗဟိုပြုသင်ကြားနည်းသစ် အလုပ်ရုံဆွေးနွေးပွဲသို့ ဆရာ ဆရာမ ၇ဝဝကျော်တက်

ဖျာပုံ၌ ကလေးဗဟိုပြုသင်ကြားနည်းသစ် အလုပ်ရုံဆွေးနွေးပွဲသို့ ဆရာ ဆရာမ ၇ဝဝကျော်တက်

ဖျာပုံ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ၂ ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဒုတိယ တန်း သင်ရိုးသစ် (ကျောင်းအုပ်စုအဆင့်)အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးခြင်း အထိမ်း အမှတ်အခမ်းအနားကို မေ ၂၃ ရက်က ဖျာပုံမြို့ သီရိအဏ္ဏဝါ ခန်းမ၌ ပြုလုပ်ခဲ့သည်။
''သင်ရိုးသစ်ကို ကြိုဆိုပါတယ်၊ ဒီသင်ရိုးတွေအတိုင်း လက်တွေ့သင်ကြားကြမယ် ဆိုရင် ကျောင်းနေပျော်ပြီး စာတော်တဲ့ ကျောင်းသား ကျောင်းသူတွေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်၊ ကျေးလက်တွေမှာ ရင်ဆိုင်နေရတဲ့ ပညာရေးဆိုင်ရာ အဓိက အခက် အခဲက အဆောက်အအုံ မပြည့်စုံတာရယ်၊ ဝန်ထမ်းအင်အားလိုအပ်ချက်ရှိနေတာ ရယ်ပါ၊ တဖြည်းဖြည်း ဖြည့်ဆည်းလိုက်ကြရင်  မျှော်မှန်းထားတဲ့ ပညာရေးရည်မှန်း ချက်တွေ အောင်မြင်မယ်လို့ ပြည့်ပြည့်ဝဝယုံကြည်ပါတယ်''ဟု ဆွေးနွေးပွဲ တက် ရောက်ခဲ့တဲ့ ဆရာတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။

 အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖျာပုံခရိုင် ပညာရေးမှူးရုံးမှ ဆရာကြီး ဦးအောင် ဇေယျနှင့် ဖျာပုံမြို့နယ်ပညာရေးမှူး ဆရာဦးတိုးဝင်းတို့က ဂုဏ်ပြုအမှာစကားပြော ကြားပြီး ဆွေးနွေးပွဲတွင် အုပ်စုလိုက် ထူးချွန်ဆုရ အဖွဲ့များအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

''သင်ရိုးစနစ်သစ်မှာ အဓိက ထူးခြားချက်တွေက ကလေးကို ဗဟိုပြုချဉ်းကပ်ပြီး ကလေးများကိုယ်တိုင် ပါဝင်လုပ်ဆောင်စေတဲ့ သင်ကြားခြင်းနဲ့ အခုဆရာ ဆရာမတွေ ကို သင်တန်းပုံစံ ပို့ချပေးခြင်းမဟုတ်ဘဲ ဆရာ ဆရာမတွေကိုယ်တိုင် အုပ်စုငယ်လေး တွေဖွဲ့ပြီး ပါဝင်ဆွေးနွေးသည့် သင်ကြားမှုပုံစံမျိုးဖြင့် ဘာသာရပ် ၁ဝ မျိုးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်''ဟု မြို့နယ်ပညာရေးမှူး ဦးတိုးဝင်းက ပြောသည်။ဆွေးနွေးပွဲကို  မေ ၅ ရက် မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့ပြီး  ဖျာပုံမြို့နယ် အတွင်းမှ ဒုတိယတန်းသင် ဆရာ ဆရာမ ဦးရေ ၇ဝဝကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။    
                                                                         
သူဇာနွယ် (ဖျာပုံ)

No comments:

Post a Comment