Latest News

Monday, May 21, 2018

မန္တလေးမြို့ ပုရစ်ဈေးကွက်မှ ပုရစ်များကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချနေ

မန္တလေးမြို့ ပုရစ်ဈေးကွက်မှ ပုရစ်များကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချနေ

မန္တလေး မေ ၂ဝ

မိုးရာသီအကြိုကာလတွင် မန္တလေးအမှတ်တံဆိပ်အဖြစ် ထွက်ရှိလာသည့် ရာသီပေါ် မိုးပုရစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိကာ ဝယ်ယူစားသုံးမှုများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း မ္တလေးပုရစ်ဈေးကွက်မှ သိရသည်။

အဆိုပါ မိုးပုရစ်များမှာ ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ တကောင်းနှင့် ရွှေကူမြို့နယ်တို့မှ စတင်ထွက်ရှိလာပြီး မန္တလေး  အောင်မြေသာစံမြို့နယ်ရှိ ဈေးကွက်သို့ တင်ပို့၍ ဒေသခံ များသာမက မြန်မာပြည်အနှံ့အပြားသို့ လက်လီလက်ကား တစ်ဆင့်ရောင်းချပေး နေရကြောင်း ပုရစ်ရောင်းချသူ ဒေါ်လှမြင့်ကပြောသည်။

''ပုရစ်ကို မန္တလေးနဲ့ ရန်ကုန်က အများဆုံးကြိုက်ကြတယ်၊ သီတင်းကျွတ်လမှာ ထွက်ရှိတဲ့ ဆောင်းပုရစ်က ဥပါတဲ့အတွက် ဈေးကောင်းရပြီး ဒီရာသီမှာထွက်တဲ့ မိုး ပုရစ်ကတော့ ဥမပါတော့ ဈေးတော့လျော့တာပေါ့၊ ပုရစ်က ခြောက်လတစ်ကြိမ်နဲ့ တစ်နှစ်မှာ နှစ်ကြိမ် ထွက်ပေါ်ပြီး တစ်ကြိမ်ကို တစ်လခွဲလောက်တော့ ရောင်းရတာပေါ့၊ ပုရစ်ဈေးက အထွက်နည်းလာလေ ဈေးကောင်းရလေပါပဲ၊ မတ္တရာနယ်ဘက်က ပုရစ် ကတော့ အထွက်နောက်ကျတယ်''ဟု ¤င်းကပြောသည်။
လက်ရှိတွင်  မန္တလေးမြို့ရှိ  ပုရစ်ဈေးကွက်၌ ပုရစ်အထီး၊  အမ ရောထားသည့် အကောင် တစ်ရာလျှင် အရွယ် အကြီးအသေးအပေါ် မူတည်၍ ၂ဝဝဝ ကျပ်မှ ၄ဝဝဝ ကျပ်ဈေးဖြင့်လည်းကောင်း၊  အသင့်စားသုံးနိုင်ရန်  ကြော်လှော်ထားသည့်  ပုရစ် အကောင်တစ်ရာလျှင် ငွေကျပ် ၆ဝဝဝ နှုန်းခန့်ဖြင့်လည်းကောင်း  ရောင်းချလျက် ရှိကြောင်းသိရသည်။

ပုရစ်ဖမ်းသူများအနေဖြင့် မိုးကိုမျှော်လင့်နေရပြီး မိုးဆက်တိုက်ရွာသွန်းပါက ပုရစ် တွင်းများသို့ ရေဝင်ရောက်မှုကြောင့် အပြင်ပျံသန်းထွက်လာသည့်အချိန်ကို စောင့် ဆိုင်းကာ ညပိုင်းအချိန်တွင် မာကျူရီမီးများထွန်းညှိ၍ မီးထောင်ချောက်ဆင် ဖမ်းယူ ရကြောင်း တကောင်းနယ်မှ ပုရစ်ဖမ်းသူ ကိုမျိုးဝင်းထံမှ သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment