Latest News

Thursday, May 31, 2018

သော့အား ဖြတ်၍အိမ်ခြံဝန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များအား ခိုးယူခဲ့သည့် အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးအရေးယူ

သော့အား   ဖြတ်၍အိမ်ခြံဝန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များအား ခိုးယူခဲ့သည့် အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးအရေးယူ

မန္တလေး၊ မေ ၃၁

၁၇-၃-၂၀၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်နေသူသည် ဈေးချိုချို၌ ဈေးဝယ်ရန် ၄၈ယ/xxxx Adixin-125 ဆိုင်ကယ်ဖြင့်သွား ရောက်၍ ၈၄x၂၇ လမ်းထောင့်တွင် ဆိုင်ကယ်အားရပ်ထားခဲ့ပြီး ဈေးချိုအတွင်း ဈေးဝယ်ပြီး နေ့လည် ၁၂ နာရီအချိန် ဆိုင်ကယ်ရပ်ထားသည့်နေရာသို့ ပြန်လာခဲ့ရာ ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်း(ပ)၂၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ) အရ လည်းကောင်း၊ ၁၉-၅-၂၀၁၈ ရက်နေ့ ည ၇ နာရီအချိန် ကောင်းမြတ်စိုး ချမ်းအေးသာစံမြို့နယ်နေသူသည် ၎င်းပိုင် WR YAMAHA 2100 ဖြူ/ပြာရောင်ဆိုင်ကယ်အား နေအိမ်ရှေ့ခြံဝန်းအတွင်းဇက်သော့ခတ်၍ထားရှိခဲ့ရာ ၂၀-၅-၂၀၁၈ ရက်နေ့ နံနက် ၇ နာရီအချိန် အိပ်ရာနိုးပြီးအပြင်သွားရန်အတွက် ဆိုင်ကယ်အား ကြည့်ရာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်း(ပ)၃၀၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(မဆ) အရ လည်းကောင်း အသီးသီးအမှုဖွင့်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့မရဲစခန်းဦးဆောင်သည့် အထူးအမှုစစ်အဖွဲ့သည် ဆိုင်ကယ်ခိုးယူ သွားသည့်တရားခံများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ မတ္တရာမြို့ရှိ ဘိလိယက်ခုံအနီးတွင် ပျောက်ဆုံးသွားသော ဆိုင်ကယ်နှင့်ပုံစံတူ ဆိုင်ကယ်များအားတွေ့ရှိရကြောင်း သတင်းရရှိရသဖြင့် မတ္တရာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ၎င်းတို့လာရောက်လေ့ရှိသော အမှတ်(၂)ဗိုလ်တေဇရပ်ကွက်ရှိ ဘိလိယက်ခုံအနီးဝန်းကျင်၌ သွားရောက် စောင့်ကြည့်ခဲ့သည်။
 အဆိုပါဆိုင်ကယ်များနှင့် ဘိလက်ယက်ခုံသို့ရောက်ရှိလာသူများအား စစ်မေးရာ ပိုင်စည်သူ(ခ)ပိုင်ကြီး ၂၀ နှစ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်ရပ်၊ မတ္တရာမြို့နှင့်တစ်ရပ်တည်းနေ နို့စို့(ခ)အငယ်လေး ၁၉ နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးအား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ ၎င်းတို့သည် တိုးတိ(ခ)ကျော်ကျော်ထွန်း ၁၉ နှစ်၊ အမှတ်(၂) ဘူတာတောင်ရပ်၊ မတ္တရာမြို့၊ တစ်ရပ်တည်းနေဘိုဝင်အေး ၁၉နှစ်နှင့် ဒိုးဒိုး(ခ)သူရိန်ကောင်းကင်ကြည် ၁၉ နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့သည် လွန်ခဲ့သော(ရက်မမှတ်မိ)ခန့်က မန္တလေးမြို့ပေါ်မှဆိုင်ကယ်များ ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းပြီး စစ်ဆေးခဲ့ရာ စုစုပေါင်း ဆိုင်ကယ်(၅)စီး ခိုးယူခဲ့ကြောင်းနှင့် အသေးစိတ်ထပ်မံ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police

No comments:

Post a Comment