Latest News

Friday, May 25, 2018

လူသတ်မှုကျူးလွန်သူများအား နှစ်ရက်အတွင်း ဖမ်းမိ

လူသတ်မှုကျူးလွန်သူများအား နှစ်ရက်အတွင်း ဖမ်းမိ

ရန်ကုန်  မေ  ၂၄

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်ရှိ ရွှေအိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီက  တာဝန်ယူဆောက်လုပ် နေသည့် ဆောက်လက်စ အဆောက် အအုံအတွင်း    ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီး   ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး    နှစ်ရက်အတွင်း ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ မေ ၂၂  ရက်နံနက် ၈ နာရီခွဲက   အခင်းဖြစ်ပွားခဲ့သည့် အဆောက်အအုံအတွင်းတွင် လုံခြုံရေး ဝန်ထမ်း   ဦးဇော်ဝမ်း(၄ဝ)နှစ်မှာ ခြေနှစ်ဖက်ကို    ဝါယာကြိုးဖြင့် ချည်နှောင်ထားပြီး ပါးစပ်ကို စက္ကူ တိပ်ဖြင့်ပတ်လျက်  ၎င်းအပေါ်မှ စွပ်ကျယ်ဖြင့်  ထပ်မံချည်နှောင်ကာ ဦးခေါင်းနောက်စေ့တွင်   ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရ သည်။

ပြစ်မှုကျူးလွန်သူအား   ဖမ်းဆီး ရမိရေးအတွက်   ပူးပေါင်းအဖွဲ့က စုံစမ်းခဲ့ရာ   မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ရပ်ကွက်တွင်   နေထိုင်၍ တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများ    လိုက်လံဝယ်ယူ  ရောင်းချသူများဖြစ် သည့် ဝင်းနိုင်ဖြိုး(ခ)ငရှိုင်း(၁၉)နှစ်နှင့် အောင်ဖြိုးကို(ခ)ကပ္ပလီ(၂၁)နှစ်တို့မှာ မေ ၂၂ ရက် နံနက် ၅ နာရီခန့်က   နေအိမ်သို့ ရောက်ရှိလာပြီး မှန်ကွဲနေ သည့်   ဖုန်းတစ်လုံးပါရှိကြောင်း၊  ၎င်းတို့ဝတ်ဆင်ထားသည့်  အဝတ် များကို  ဝှက်ထားကြောင်း၊  ညစောင့် တစ်ဦးကိုလည်း   ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသဖြင့်  ၎င်းတို့နှစ်ဦးအား လိုက်လံရှာဖွေရာ မေ ၂၃ ရက် ညနေ ၅ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်   အမှတ်(၂)ရပ်ကွက်ရှိ အဟောင်းဆိုင် သို့ ပစ္စည်းများ လာရောက်ရောင်းချ နေစဉ် ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ  အောင်ဖြိုး(ခ) ကပ္ပလီမှာ ၂ဝ၁၂ ခုနှစ်တွင်  မြောက် ဥက္ကလာပမြို့နယ်ရှိ ဘုရားဝင်းအတွင်း ထားရှိသော အလှူခံပုံးမှ ငွေများခိုးယူ ခဲ့၍   သန်လျင်မြို့နယ်  လူငယ်ပြုစု ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထောင်ဒဏ် တစ်နှစ်နှင့် နှစ်လ ပြစ်ဒဏ် ကျခံခဲ့ဖူးကြောင်း သိရပြီး ဝင်းနိုင်ဖြိုး (ခ)ငရှိုင်းနှင့် အောင်ဖြိုး(ခ) ကပ္ပလီတို့ အား  ဥပဒေနှင့်အညီ  ထိရောက်သည့်   ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း      သတင်းရရှိ သည်။                  

သတင်းစဉ်

No comments:

Post a Comment