Latest News

Tuesday, May 29, 2018

မြေယာပြဿနာရှုပ်ထွေးအောင်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ် နှင့် အဖွဲ့ အစည်းများကို စီမံချက်ဖြင့်ဖော်ထုတ်အရေးယူမည်


မြေယာပြဿနာနှင့်စားကျက်မြေများကို ရှပ်ထွေးအောင် မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အစိုးရက စီမံချက်ချ ဖော်ထုတ်အရေးယူရန် လွတ်တော်က အတည်ပြုလိုက်
သည်။
ဦဇေယျာမင်းသိန်းက ခုကျင်းပနေသောလွှတ်တော်၁၁ကြိမ်မြောက်အစည်းအဝေးတွင် မြေယာပြဿနာနှင့် စားကျက်မြေများကို ရှုပ်ထွေးအောင်ဆောင်ရွက်နေကြသူများကို စီမံချက်ချ ဖော်ထုတ်အရေးယူ ရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သတ်ပြီး မေလ (၂၉)ရက်နေ့ ကလွှတ်တော်မှ
အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယခုလို ဆောင်ရွက်ခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေဖြရှင်းမှု
က လျင်မြန်သွက်လက်လာမည်ဟု ဦဇေယျာမင်းသိန်းကပြောသည်။

တိုင်းဒေသကြီးအတွင်းက မြေယာပြဿနာတွေကို စိစစ်ရာတွင် လိပ်ကိုရေထဲ လွှတ်လိုက်သကဲ့ သို့ နှေးကွေး ကြန့် ကြာနေပြီး ပြီးမြောက်မှု မရှိသည့်အတွက် မြေယာပြဿနှင့်စားကျက်မြေများကို ရှပ်ထွေးအေင် မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အစိုးရက စီမံချက်ချ ဖော်ထုတ်အရေးယူရန်သင့်လျော်သည်ဟု အိမ်မဲမဲဆန္ဒနယ်က ဒေါ်ရီရီထွန်းကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  လယ် ဆည်ဝန်ကြီး ဦးတင်အောင်ဝင်းကတော့ လွှတ်တော်၏ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်မည်ဟု ပြောသည်။
လယ်ယာမြေအရေးဆောင်ရွက်နေသူ မြစ်ဝကျွန်းပေါ် ကာကွယ်မြင့်တင်သူများအသင်း ဥက္ကဌ ဦးထွန်းရွှေက လိုက်ပါကူညီနေသူများက ပြဿနာဖြစ်အောင်လုပ်နေခြင်းမဟုတ်ပဲ ဖြေရှင်းပေးရမည့်သူများက မြေယာပြဿနာများကို သေချာသုံးသပ်နိုင်ခြင်းမရှိခြင်ကြောင့် ဟု သုံးသပ်သည်။

"ပြောရမယ်ဆိုရင်တော့ တာဝန်ရှိသူတွေက အားလုံးနဲ့  ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ သူတို့ ကိုယ်တိုင်က မြေအကြောင်းကို သေသေချာချာမသိပဲ ဝေ့ လည်ချောင်ပတ်လုပ်နေလို့ မြေယာပြဿနာတွေကကြန့် ကြာနေတာ။ နောက်ဆိုရင်တော့ လယ်မြေပြဿနာတွေက အချင်းချင်း ရာဇ၀တ်မှုတွေတောင်ဖြစ်လာနိုင်တယ်" ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေပြဿနာပေါင်းသုံးသိန်းကျော်ရှိသည်ဟု လက်ရှိအစိုးရကပြောဆိုထားပြီးဖြေရှင်းနိုင်မှဲမှာ ၂၀ရာခိုင်းနှန်းခန့် သာရှိသည်ဟု လယ်ယာမြေအရေးဆောင်ရက်နေသူများကဆိုသည်။
မျိုးမင်းပိုင်

No comments:

Post a Comment