Tuesday, May 29, 2018
လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်သာယာမြို့နယ်ရှိ အောင်မြေသာယာ ဆုတောင်းပြည့်စေတီတော်၏ ထီးတော်မြေခ
ရန်ကုန်၊ မေ ၂၉
၂၉.၅.၂၀၁၈ ရက်နေ့ နံနက် ၁၁း၄၅နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ဥာဏ်တော် ၅၄ပေအမြင့်ရှိ အောင်မြေသာယာဆုတောင်းပြည့်စေတီ ထီးတော်မှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေခခဲ့ကြောင်း
သိရှိရသည်။
ယင်းကဲ့သို့ မြေခတော်မူခဲ့သည့် ထီးတော်မှာ အထက်ပစ္စယံ ရင်ပြင်တော်ပေါ်သို့  ပြုတ်ကျခဲ့သဖြင့် မြေခခဲ့ခြင်း ဖြစ်ပြီး စိန်ဖူးတော်လည်း ပျက်စီးခဲ့ပါသည်။
အဆိုပါ စေတီတော်၏ ထီးတော်မြေခသည့်နေရာသို့ မြို့နယ်သံဃနာယကဥက္ကဌဆရာတော်နှင့် ဂေါပက အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြတ်ခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မြတ်စိုး နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိကာ ကူညီဆောင်ရွက်ပေး လျက်ရှိပြီး စိန်ဖူးတော်အတွင်းမှ ဌာပနာ ရတနာပစ္စည်း များအား စနစ်တကျ စိစစ်သိမ်းဆည်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်သာယာမြို့နယ်ရှိ အောင်မြေသာယာ ဆုတောင်းပြည့်စေတီတော်၏ ထီးတော်မြေခ
Reviewed by timeayeyar
on
6:44 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment