သထုံ ၊ မေ ၊ ၃၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာတွင် မေလ ၃၁ ရက်၊ နေ့လည်က ရွာနွားစားကျက်အတွင်းရှိ ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေး သုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာကလေး သုံးဦး ရေနစ်သေဆုံးကြောင်း ကျေးရွာတာဝန်ရှိသူမှ အကြောင်းကြားသဖြင့် သုဓမ္မ၀တီနယ်မြေရဲစခန်းမှူး ရဲအုပ်တင်ချိုနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ရွာထိပ်ငါးကန်အနီး ရွာ၏နွားစားကျက်အတွင်းရှိ ပေ ၁၀၀ ပတ်လည့်ခန့်ရှိ ရေအိုင်ထဲမှ အနက် ၇ ပေခန့်ရှိသည့် ချိုင့်အတွင်းသို့ မောင်စိုင်းထက်၊ ၉ နှစ် ၊ ကဇိုင်းကျေးရွာ၊ မောင်အောင်ဖြိုးဦး၊ ၁၀ နှစ် ၊ ကဇိုင်းကျေးရွာနှင့် မောင်အောင်မြတ်သူ၊ ၉ နှစ် ကဇိုင်းကျေးရွာ နေသူတို့ သုံးဦးမှာ ရေဆင်းကစားရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ကလေးသုံးဦး သေဆုံးရခြင်းအား သုဓမ္မ၀တီနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ကာ စစ်ဆေး နေကြောင်း သိရသည်။
မြန်မာ့အလင်း၊သက်ဦး(သထုံ)
No comments:
Post a Comment