Latest News

Friday, May 25, 2018

မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးရာမှ ကွင်းဆက်များ ဖော်ထုတ်ရမိ

မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးရာမှ ကွင်းဆက်များ
ဖော်ထုတ်ရမိ

သထုံ   မေ      ၂၅

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်၏ညွှန်ကြားမှု၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်းအနီးကပ်ကြီးကြပ်မှုဖြင့် သထုံခရိုင်မှုခင်းနှိမ်နှင်းရေးဌာနအဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူ၊ သုဓမ္မ၀တီရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သီဟအောင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မေ ၂၄ ရက်  ၅ နာရီ ၄၀ချိန် မူးယစ်ဆေးဝါးသတင်းအရ သထုံ-ဘားအံသွား ကားလမ်းပေါ် သစ်တောရုံးရှေ့ စောင့်ဆိုင်းနေစဉ် ဘားအံဘက်မှ သထုံဘက်သို့ မောင်းနှင်းလာသော Wave-100 အပြာရောင်ဆိုင်ကယ်မောင်းနှင်လာသူ အောင်နိုင်ဦးအားစစ်ဆေးရာ လက်ဝဲဘက်လက်အတွင်းမှ ပလတ် စတစ် အိတ်အတွင်းအနက်ရောင် တိတ်ပတ်လျှက် အဖြူရောင်အအေးစုပ်ပိုက် အပိုင်း (၆) ပိုင်းဖြင့် ထည့်ထား သည့် WY စာတမ်းပါ စိတ်ကြွမူးယစ် ဆေးပြား (၅၆) ပြား၊ မူးယစ်ဆေးပြားရှူရာတွင် အသုံးပြုသော ၀ါးပြောင်း (၁)ခု၊မူးယစ်ဆေးဝါးရောင်းရငွေဟု ယူဆရသော ငွေစက္ကူရောရာ ၁၆၁၀၀၀ိ/-ကျပ်တို့အား သိမ်းဆည်း ရမိသဖြင့် သုဓမ္မ၀တီရဲစခန်း မယ(ပ) ၇/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)၊၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်းသိရှိရသည်။

          ဆက်လက်ပြီး စစ်ဆေးဖေါ်ထုတ်ချက်အရ ၀ယ်ယူခဲ့သော သထုံမြို့ ဘင်လှိုင်ရပ်ကွက်၊ ခေမာရာမလမ်း နေ ကိုသက်(ခ)သက်ဇော်အား တပ်ဖွဲ့ဝင်များနှင့် သက်သေများ က ည (၈) နာရီ အချိန် လိုက်လံရှာဖွေရာ သိမ်ကုန်းရပ်ကွက် နတ်စင်လမ်းမှ ကြေးသွန်းဘုရားလမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်းလာသည်ကို တွေ့ရှိစဉ် ၀ဲဘက်လက်အတွင်း ကိုင်ထားသော အနီရောင်အထုတ်(၁)ထုတ်အား ရန်အောင်မြင်ဘုရားဝင်း အတွင်းသို့ ပစ်ထုတ်လိုက်သဖြင့် လိုက်လံရှာဖွေရာ ဘုရားဝင်း အင်ကြင်းပင်ခြေရင်းတွင် အနီရောင်တိတ်ဖြင့် ထုတ်ထား သော ပလတ်စတစ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြားများ (၂၀၃)ပြားအား တွေ့ရှိသိမ်းဆည်း ပြီး ည (၁၁) ခွဲအချိန်တွင် ၄င်းပိုင်ဆိုင်သည့် သထုံမြို့ ဆူးအင်းကျေးရွာရှိ ကွမ်းသီးခြံတဲအိမ်နှင့် ထင်းရုံ အကြား မြေကြီးအတွင်းမှ အနီရောင်ကြွတ်ကြွတ်အိတ်ဖြင့်ထုတ်ပြီး အပြာရောင် ကပ်ခွာအိတ် (၃)ဖြင့်ထည့်ထား သော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး (၅၄၅) ပြားအားဖမ်းဆီးရမိသဖြင့် သထုမြို့မရဲစခန်းမှ အမှုဖွင့်အရေး ယူခဲ့သည်။

          ယင်းနောက် မေ ၂၅ရက် နံနက် (၃) နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ သက်သေများ နှင့်အတူ သထုံမြို့ ကြာပန်းကျေးရွာ ရွှေသံလွင် တိုးဂိတ်အနီးစောင့်ဆိုင်းနေစဉ် ဘားအံဘက်မှ သထုံဘက်သို့ ဥာဏ်ဝင်းအောင်မောင်းနှင်လာပြီး မိုးကျော်သူ စီးနင်းလာသော ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ် ရင်အုပ်ရှေ့ ကာဘာအတွင်းမှ WY ပန်းရောင်စိတ်ကြွဆေးပြား (၇၉၉) ပြားအားတွေ့ရှိသဖြင့် သုဓမ္မ၀တီရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

နန္ဒကျော်စွာ၊လှိုင်ထွန်းအောင်(မြန်​မာ့အလင်း)

No comments:

Post a Comment