Latest News

Friday, May 25, 2018

ဒေါ်လာ ၇.၅ ဘီလီယံ ကျောက်ဖြူ ဆိပ်ကမ်း တည်ဆောက်မှု ရူးသွပ်ခြင်း သက်သက်သာ ဟု စီးပွား အကြံပေး သြစတေသျ ပညာရှင် ပြော


ဒေါ်အောင်ဆန်းစုကြည်၏ အဓိက စီးပွားရေးအကြံပေး ဖြစ်သူ ရှောင် တန်းနယ်လ် Sean Turnell က စင်္ကာပူတွင် ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ပင် ဖြစ်ပါတယ်။

ကျောက်ဖြူ ပင်လယ် ရေနက် ဆိပ်ကမ်းအားတရုတ် အစိုးရပိုင် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ
ကုမ္ပဏီ ကြီး ဖြစ်သော CCITIC မှ အကျိုးစီးပွား၏ ၇၀% ကို ထိမ်းချုပ်ထားခွင့်ဖြင့်
တည်ဆောက် ပေးသွားရန် အဆိုပြု ခဲ့ပါတယ်။
ကျန် ၃၀% အား မြန်မာ အစိုးရ နှင့် ပြည်တွင်းကုမ္ပဏီ များက ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

သြစတေးသျ ရှိ Macquarie တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခလည်း ဖြစ်သူ ရှောင်
တန်ုးနယ်လ် မှ မြန်မာပြည် အနေဖြင့် လိုအပ်နေတာထက် အများကြီး ကို ကျော်လွန်တာ ဖြစ်
လို့ အစိုးရ အနေနဲ့ အရေးတယူ စဉ်းစားသင့်တယ်လို့ လည်း ပြောခဲ့ပါတယ်။

ထိုစီမံကိန်း နဲ့ ပါတ်သက်ပြီုး ငွေကြေး ထောက်ပံ့ရေးအတွက် တရုတ် အစိုးရ နဲ့ မြန်မာ အကြား
ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ မြန်မာ အစိုးရကတော့စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်
အကိုင် များ ဖန်တီးပေးနိုင်မယ်လို့ မျော်လင့်ထားတာကြောင့်လည်း ဖြစ်ပါတယ်။

မြန်မာစီးပွားရေးကို ၂၅ နှစ်ကြာ မဆုပ်မနစ်လေ့လာခဲ့တဲ့ ရှောင် တန်းနယ်လ် ကတော့
အဲ့ဒီလို မျော်မှန်းလည်း ဒေါ်လာ ၇.၅ ဘီလီယံတန် ဆိပ်ကမ်းကြီး ဆိုတာ မလိုအပ်ဖူးလို့.ဆို
ပါတယ်။

မကြာမီကမှ ပြီးစီးသွားတဲ့ ပနားမား တူးမြောင်းကြီး တိုးချဲ့ရေး စီမံကိန်းသည် ဒေါ်လာ ၅.၂၅
ဘီလီယံသာ ကုန်ကျခဲ့တာကိုလည်း ထောက်ပြသွားခဲ့ပါတယ်။ ထို့ အတွက် ဒေါ်လာ ၇.၅ ဘီ
လီယံ ကုန်ကျမယ်ဆိုတာ ရူးသွပ်ခြင်း သက်သက်သာ ဖြစ်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အစိုးရ အနေနဲ့ သီရိလင်္ကာအစိုးရရဲ့ အဖြစ်ကို ကြည့်ပြီး စိုးရိမ်သင့်ကြောင်းလည်း
ထောက်ပြခဲ့ပြန်ပါတယ်။ သီရိလင်္ကာတွင်ဒေါ်လာ ၁ ဘီလီယံ တန် Hambantota
ဆိပ်ကမ်း ဆောက်လုပ်နိုင်ရေး အတွက် ကိုလံဘိုရှိ အစိုးရမှ ငွေတွေ အမြောက်အမြား နင့်
ကနဲ နေအောင် ချေးငှာခဲ့ပြီး နောက် ပြန်မဆပ်နိုင် ဖြစ်လာခဲ့တဲ့ အတွက် ကြွေးမြီ သက်သာ
ရေး အစီအစဉ်အဖြစ် တရုတ်ကို ၉၉ နှစ်ကြာလုပ်ကိုင်ခွင့် ပေးခဲ့ရတဲ့ အဖြစ်ကို ရည်ညွန်း
ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနမူနာကို မြန်မာတွေ အထူး အလေးပေး စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

ကျောက်ဖြု ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာမှ အချိုးကျ ထည့်ဝင်ရမယ့် ပမာဏ ဖြစ်တဲ့ နှစ်
ဘီလီယံ မှ သုံး ဘီလီယံခန့် ရှိ ငွေကို တရုတ်၏ ပပို့ကုန်-သွင်းကုန် ဘဏ်မှ ချေးငှားရအုန်းမှာ
ဖြစ်တာကြောင့် သီရိလင်္ကာ အဖြစ်မျိုး နောက်ဆုံးမှာ ရောက်ရှိသွားဖို့ များတယ်လို့ လည်း
ပြောကြားသွားပြန်ပါတယ်။

အရေးအကြီးဆုံးကတော့ မိမိတိုင်းပြည်အတွက်ကြွေးမြီ ၀န်ထုပ်ဝန်ပိုး မဖြစ်ပဲ လုပ်နိုင်ဖို့သာ
ဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ် စက်တင်ဘာလ အထိ ပြည်ပကို ဆပ်ရန်ရှိနေသော ကြွေးမြီပမာဏ သည် ဒေါ်လာ ၉.၅
ဘီလီယံ ရှိနေပါတယ်။ ဒီထဲမှာ တရုတ်ကို ဆပ်ရန် ရှိနေတဲ့ ပမာဏ က ဒေါ်လာ ၄ ဘီလီယံ
ရှိနေတာမို့ ကြွေးမြီ စုစုပေါင်းရဲ့ ၄၄% ရှိနေပါတယ်။

တရုတ်ရဲ့ ချေးငွေများက အတိုးနှုန်း မြင့်နေတာကြောင့် ကြွေးပူ လို့ သတ်မှတ်နေရကြောင်း
လွှတ်တော် မှာ ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာဘဏ် နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ များရဲ့ စံချိန် စံနှုန်းအရ ပြည်ပ ကြွေးမြီ ပမာဏ
သည် တိုင်းပြည်ရဲ့ အသားတင် ထုတ်လုပ်နိုငှ်ုမှုရဲ့ ၃၀% ကျော်သွားရင် အလားအလာ
မကောင်းဖူးလို့ သတ်မှတ်ထားရာမှာ မြန်မာက၁၆% ပဲ ရှိသေးတဲ့ အတွက် စီးပွားရေး မှာ
အခြေအနေဆိုး နေတဲ့ နိုင်ငံ စာရင်းထဲ မပါဝင်သေးတာ တွေ့ရပါတယ်။


ထို့ စံချိန်ကို ဆက်လက် ထိမ်းသိမ်းနိုင်ရေးအတွက် တိုင်းပြည် အမှန်တကယ် အကျိုးရှိ
မယ့် မလုပ်မဖြစ်မယ့် လုပ်ငန်းမျိုးတွေကိုသာပြည်ပမှ ချေးငှားပြီး လုပ်ကိုင်သင့်ကြောင်း
က္ဈမ်းကျင်သူတွေက ထောက်ပြနေကြတာဖြစ်ပါတယ်။
လှစိုးဝေ

ကိုးကား။ ။ Bloomberg News/ VOA News

No comments:

Post a Comment