Latest News

Sunday, May 20, 2018

မြေပြို၍ ရေမဆေး (၁၀) ဦးထက်မနည်း အရေးပေါ် လူနာအဖြစ်ဆေးရုံပို့နေ

မြေပြို၍ ရေမဆေး (၁၀) ဦးထက်မနည်း အရေးပေါ် လူနာအဖြစ်ဆေးရုံပို့နေ

photo .-၄.၅.၂၀၁၈ နေ့ နံက် ၄:၃၀ ခန့်က ပြိုကျခဲ့သည့် ဝေခါကျေးရွာမှ ကျောက်တောင် ကမ်းပါး

 မေ - ၂၀

   ကချင်ပြည်နယ်  ဖားကန့်ကျောက်စိမ်းတွင့်ဒေသ ဆိပ်မူအုပ်စု ဝေခါ ကျေးရွာအနီး ဒေသခံများအခေါ် တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်နဲ့ ရတနာကြယ် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွပ်နှစ်ခု ထိစပ်လျှက်ရှိသော ကျောက်စိမ်းကမ်းပါးသည် ၂၀.၅.၂၀၁၈ နေ့ ညနေ၅ နာရီခန့်က ပြိုကျခဲ့သည်ဟု ဝေခါ ရွာသားတစ်ဦးက ပြောပါသည် ။

     မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ မည်၍မည်မျှ သေဆုံးသည်ကို မသိရသေးသော်လည်း ရေမဆေးကျောက်ရှာဖွေသူ ဆယ်ဦးထက်မနည်း အရေးပေါ် ဆေးကုသရန် ဆေးရုံးပို့နေရသည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်းမှ ကိုအောင်အောင်က ပြောပါသည် ။ “ ခင်ဗျားနဲ့ ကျနော် ဓါတ်ပုံတက်ရိုက်တဲ့ ကျောက်တောင် ကမ်းပါးကြီး ပြိုကျသွားတာဗျ ။ရေမဆေးဘယ်နှယောက်သေမယ်တော့ မသိရသေးဘူး ဆယ်ယောက်ထက်တော့မအောက်ဘူး ဆေးကုဘို့ သွားကုန်ပီ " ဟု ကိုအောင်အောင်ကပြောပါသည် ။

        ယခုပြိုကျတဲ့နေရာဟာ မေလ ၄ ရက်နေ့က ပြိုကျတဲ့နေရာနဲ့ တစ်ဖာလုံးခန့်ပဲ ဝေးပါတယ် ။ မေလ ၄ ရက်နေ့ကလည်း ယခုလို ကမ်းပါးပြိုကျခဲ့လို့ လူ(၂၀) မြေပိသေဆုံးခဲ့ပြီး (၄) ဦးပျောက်ဆုံးသွားခဲ့ပါတယ် ။ ဇန်နဝါရီ ၆ ရက်နေ့ကလည်း ၎င်းနေရာနှင့် မလှမ်းမကမ်းမှာ ယခုလို ကမ်းပါးပြိုကျခဲ့လို့ (၅) ဦးသေဆုံးခဲ့ပြီး ဖြစ်ပါသည် ။

      ယနေ့ ပြိုကျသည့် အကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ပြိုကျခဲ့ပြီ ဖြစ်ပါသည် ။ ပြိုကျသည့်နေရာများသည် နီးကပ်စွာတည်ရှိပြီး သေဆုံးသူပေါင်း သုံးဆယ် နီးပါရှိပြီ ဖြစ်ပါသည် ။ ဇန်နဝါရီလမှမေလအထိ အလားတူဖြစ်စဉ်များကြောင့် သေဆုံးသူပေါင်း (၅၁) ဦး ရှိနေပြီလည်း ဖြစ်ပါသည် ။

ဇော်​မိုးထက်​(​ဖားကန့်​)

No comments:

Post a Comment