Latest News

Tuesday, May 15, 2018

နန့်စီးအောင်ဘူတာတွင် အမှတ်(၅၇)အဆန်ရထားကိုခဲပေါက်သူကို ဖမ်းဆီးအရေးယူ

နန့်စီးအောင်ဘူတာတွင် အမှတ်(၅၇)အဆန်ရထားကိုခဲပေါက်သူကို ဖမ်းဆီးအရေးယူ

အင်းတော် မေ ၁၅

  စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်နန့်စီးအောင် ဘူတာတွင်အမှတ်(၅၇) အဆန်ရထားရပ်နားစဉ်အမျိုးသား တစ်ဦးမှခဲဖြင့်ပစ်ပေါက်ခဲ့၍ရထားထိန်း၏ဦးခေါင်းတွင်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခဲ့သည် ။

 မေလ ၁၄ရက်နေ့ ည၁၁နာရီ ၈မိနစ်အချိန်တွင် စက်ခေါင်းမောင်း ဦးကိုကိုမောင်းနှင်ပြီးရထားထိန်းဦးဇော်ဝင်းလိုက်ပါလာသောအမှတ်(၅၇)အဆန်ရထားသည်နန့် စီးအောင်ဘူတာတွင်ခေတ္တရပ်နားစဉ် အောင်မောင်း(ခ)ဝင်းစိုးဆိုသူမှခဲဖြင့်ပစ်ပေါက်ခဲ့၍ရထားထိန်းဦးဇော်ဝင်း၏ဦးခေါင်းထိပ်တွင်လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့ သဖြင့်မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ ဆောင်ကာဆေးကုသမှု ခံယူခဲ့ရကြောင်းခဲဖြင့်ပစ်ပေါက်သူအောင်မောင်း(ခ)ဝင်းစိုးအား
ဖမ်းဆီး၍မော်လူးနယ်မြေရဲစခန်းတွင်ပို့ ဆောင် စစ်ဆေးရာအောင်မောင်း(ခ)ဝင်းစိုး၏အစစ်ခံချ က်အရ ၎င်းသွားမည့်လမ်းတွင်ရထားပိတ်ရပ်ထားသဖြင့်ရထားတွဲပေါ်မှဖြတ်သန်းသွားလို၍ရထားတံခါးဖွင့်ခိုင်းရာဖွင့်မပေးသဖြင့်စိတ်တိုကာခဲဖြင့်ပစ်ပေါက်မိခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

     ထို့ နောက်နန့် စီးအောင်ဘူတာဒုရုံပိုင်ဦးဘရန်ရှောင်မှတရားလိုပြု လုပ်၍အမှု ဖွင့်လှစ်ခဲ့သဖြင့်အောင်မောင်း(ခ)ဝင်းစိုး(၃၆)နှစ် ပေကုန်းကျေးရွာ မန်ဟဲကျေးရွာအုပ်စုအင်းတော်မြို့ နယ်နေထိုင်သူအားမော်လူးနယ်မြေရဲစခန်းမှအမှု ရေးဖွင့် ဖမ်းဆီးစစ်ဆေးလျ က်ရှိကြောင်းသိရှိရသည် ။

နီတိုး(မြန်​မာ့အလင်း)

No comments:

Post a Comment