Latest News

Tuesday, May 29, 2018

ဗီဒီယို ဇာတ်ကားများထက် ရုပ်ရှင်ဇာတ်ကား များကိုသာ အဓိက ရိုက်ကူးမည့် သရုပ်ဆောင် ဇဏ်ခီ

ဗီဒီယို ဇာတ်ကားများထက် ရုပ်ရှင်ဇာတ်ကား များကိုသာ အဓိက ရိုက်ကူးမည့် သရုပ်ဆောင် ဇဏ်ခီ

ရန်ကုန် မေ ၂၈

ဥပါယ်တံမျဉ်၊ မုဒြာရဲ့ခေါ်သံ စသည့်ဇာတ်ကားများဖြင့် ပရိသတ်အားပေးမှုကို ရရှိခဲ့သည့် သရုပ်ဆောင် ဇဏ်ခီအနေဖြင့် ဗီဒီယို ဇာတ်ကားများထက် အချိန်ပိုပေးနိုင်သည့် ရုပ်ရှင်ဇာတ်ကားများကိုသာ အဓိကထား ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။ ဇာတ်ကားနှစ်ကား ရိုက်ကူးဖို့ စီစဉ်နေတယ်။ တစ်ကားက သီတာဆိုတဲ့ ခေတ်လွန်ဇာတ်ကား ဖြစ်ပါတယ်။

နောက်တစ်ကားကတော့ Now & Ever ဆိုတဲ့ ဇာတ်ကားပါ။ ဘယ်ကားကို အရင်ရိုက်ဖြစ်မလဲ မသိသေးပါဘူး။ သီတာမှာတော့ Supporting တစ်ဦးအနေနဲ့ ပါဝင်မှာဖြစ်ပြီး Now & Ever မှာတော့ ဇာတ်ဆောင်အနေနဲ့ ရိုက်ကူးမှာပါ။ ကျွန်တော် ဗီဒီယိုတွေထက် ရုပ်ရှင်ဇာတ်ကားကိုပဲ အဓိကထား ရိုက်ဖြစ်ဖို့များပါတယ်'' ဟု ဇဏ်ခီက ပြောသည်။

ဇဏ်ခီအနေဖြင့် ၎င်း၏ ထုတ်လုပ်ရေးဖြစ်သည့် Central Base Production မှ နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဇာတ်ကားကောင်းများကို ပရိသတ်လက်ထဲ အမြန်ဆုံး ချပြနိုင်ရန် အရည်အချင်းရှိသည့် လူငယ်များနှင့် လက်တွဲသွားရန် ရှိကြောင်း သိရသည်။

 ''ကျွန်တော် အခု Production မှာ ဒါရိုက်တာ အနေနဲ့ ခရစ္စတီးနားပဲ ရှိနေတာဆိုတော့ ကျွန်တော့်အတွေးက တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကို ထပ်မံရွေးချယ်ပြီး လူငယ်တွေအတွက် အခွင့်အရေးရအောင် စီစဉ်ဖို့ရှိတယ်'' ဟု ဇဏ်ခီကပြောသည်။ လက်ရှိတွင် ဇဏ်ခီပါဝင် သရုပ်ဆောင်ထားသည့် မုဒြာရဲ့ခေါ်သံ ဇာတ်ကားကို စင်ကာပူနိုင်ငံ၌ ပြသလျက်ရှိပြီး အမေရိကန်နှင့် ထိုင်းနိုင်ငံ တို့၌လည်း ပြသရန် ရှိနေကြောင်း သိရသည်။

MWD


No comments:

Post a Comment