ကမာရွတ်မြို့ နယ်တွင် စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့်
စုစုပေါင်းငွေကျပ် ၁၇၈၂ သိန်းကျော် ခိုးယူသူများကို ဖမ်းဆီးရမိ
ရန်ကုန် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ် ၁ဝ ရပ်ကွက် သံလွင်လမ်းရှိ နေအိမ်အတွင်းမှ စိန်၊ ရွှေ၊ လက်ဝတ်ရတနာမျိုးစုံနှင့် စုစုပေါင်းတန်ဖိုးငွေကျပ်$ ၁၇၈၂ သိန်းကျော် ခိုးယူသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
ကမာရွတ်မြို့နယ် အမှတ် ၁ဝ ရပ်ကွက် သံလွင်လမ်းနေ ကို ------ ၏ နေအိမ်၌ မေ ၂ ရက် နံနက် ၁ဝ နာရီခန့်က နေအိမ်အပေါ်ထပ် ဗီရိုအတွင်းထားရှိသော စိန်၊ ရွှေ၊ လက်ဝတ်ရတနာမျိုးစုံ၊ မြန်မာငွေနှင့် နိုင်ငံခြားငွေ စုစုပေါင်းငွေကျပ် ၁၇၈၂၅ဝဝဝဝ$ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းသို့ တိုင်တန်း ခဲ့သည်။
ဖမ်းဆီးရမိ
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဆက်စပ်ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ ကျော်စွာထွန်း ( ခ ) ကျော်လင်းထွန်း ( ခ ) ကျော်မင်းထွန်း ဆိုသူဖြစ်နိုင်ကြောင်း မသင်္ကာသဖြင့် စုံစမ်းခဲ့ရာ မေ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန် - မ္တလေးကားလမ်းပေါ်၌ ကျော်စွာထွန်း ( ခ ) ကျော်လင်းထွန်း ( ခ) ကျော်မင်းထွန်း (၃၇ နှစ် ) အား မစ်ဆူဘီရှီအမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ၁-၅-၂ဝ၁၈ ရက် ည ၁၁ နာရီက ကမာရွတ် မြို့နယ်ရှိ အခင်းဖြစ်နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဗီရိုအတွင်းရှိ စိန်၊ ရွှေ၊ လက်ဝတ် ရတနာမျိုးစုံနှင့်ငွေများကို ယူဆောင်ကာ မိတ္ထီလာမြို့နယ်သို့ အငှားယာဉ်ဖြင့် ပြန်လာ ခဲ့ကြောင်း၊ မိတ္ထီလာမြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ ¤င်းနှင့် ခင်မင်ရင်းနှီးသူ ဝတုတ် (ခ ) သောင်းတန် (၃၉ နှစ်) အား ¤င်းခိုးယူရရှိလာသော နိုင်ငံခြားငွေများနှင့် လက်ကောက်နှစ်ကွင်းတို့ကို ပေါင်နှံခိုင်းပြီး ရရှိသောငွေဖြင့် မစ်ဆူဘီရှီမော်တော် ယာဉ်အား ငွေ$ကျပ် ၇၅ သိန်းဖြင့်လည်းကောင်း၊ ဆိုင်ကယ်တစ်စီးအား ငွေ$ကျပ်ရှစ်သိန်း ဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း၊ ဆိုင်ကယ်မှာ အခိုးခံခဲ့ရပြီး လက်ဝတ်ရတနာများကို ရောင်းချခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ထိရောက်ပြစ်ဒဏ်ရရှိရေး
စစ်ဆေးဖော်ထုတ်ချက်အရ ခိုးယူခံရသည့် ပစ္စည်းနှင့်ငွေများကို ရောင်းချခဲ့သည့် ရွှေဆိုင်၊ အပေါင်ဆိုင်များမှ ပြန်လည်သိမ်းဆည်းခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၇ဝ၄ သိန်းကျော်ဖိုး ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ကျန်ရှိသည့် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ခိုးမှု ကျူးလွန်သူ ကျော်စွာထွန်း (ခ) ကျော်လင်းထွန်း (ခ) ကျော်မင်းထွန်းသည် ၂ဝဝ၈ ခုနှစ်အတွင်းက မရမ်းကုန်းမြို့နယ်အတွင်း ဖောက်ထွင်းမှုကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ် ခုနစ်နှစ်ကျခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခိုးမှုဖြင့် ထောင်ဒဏ်လေးနှစ်ကျခဲ့ကြောင်း သိရှိရသဖြင့် ပြစ်ချက်ဟောင်းရှိ ခိုးမှု ကျူးလွန်သူ ကျော်စွာထွန်း ( ခ ) ကျော်လင်းထွန်း ( ခ) ကျော်မင်းထွန်း နှင့် ဝတုတ် (ခ ) သောင်း တန်တို့အား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်
Thursday, May 24, 2018
ကမာရွတ်မြို့ နယ်တွင် စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့် စုစုပေါင်းငွေကျပ် ၁၇၈၂ သိန်းကျော် ခိုးယူသူများကို ဖမ်းဆီးရမိ
ကမာရွတ်မြို့ နယ်တွင် စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့် စုစုပေါင်းငွေကျပ် ၁၇၈၂ သိန်းကျော် ခိုးယူသူများကို ဖမ်းဆီးရမိ
Reviewed by Ar Ti
on
3:32 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment