Latest News

Thursday, May 24, 2018

ရခိုင္ျပည္နယ္အတြင္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အုပ္စုက အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ လူမဆန္စြာ ရက္ရက္စက္စက္အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း Amnesty International အဖြဲ႕၏ေဖာ္ထုတ္ ခ်က္မ်ားကို ႀကဳိဆို


ေနျပည္ေတာ္၊ ေမ - ၂၄

၂၀၁၈ခုႏွစ္၊ ေမ ၂၃ ရက္တြင္ Amnesty International အဖြဲ႕က ထုတ္ျပန္သည့္ အစီရင္ခံစာ ''Attacks by the Arakan Rohingya Salvation Army(ARSA) on Hindus in Northern Rakhine State'' တြင္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္ အုပ္စုက ၂၀၁၇ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္တြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ လုံၿခဳံေရးကင္းစခန္း ၃၀ ခန္႔အား အခ်ိန္ယူႀကဳိတင္ျပင္ဆင္စီမံ၍ တစ္ၿပဳိင္နက္အၾကမ္းဖက္စီးနင္း တိုက္ခိုက္ ခဲ့ေၾကာင္း၊ ယင္းအၾကမ္းဖက္တုိက္ခိုက္မႈမ်ားမွာ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္ သည့္ ရခိုင္ျပည္နယ္ဆိုင္ရာအႀကံေပးအဖြဲ႕၏ ရခိုင္ေဒသဆုိင္ရာ အဆုံးသတ္အစီရင္ခံစာထုတ္ျပန္ခဲ့ၿပီး နာရီပိုင္း အၾကာတြင္ပင္ ျဖစ္ေပၚခဲ့ေၾကာင္း၊ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕ႏွင့္အတူ ၎တို႔စည္း႐ုံးထား ေသာ ဘဂၤါလီေက်းရြာသားအမ်ားအျပားလည္း အၾကမ္းဖက္တိုက္ခိုက္မႈမ်ားတြင္ ပါ၀င္ေၾကာင္း၊ ျမန္မာ့လုံၿခဳံေရး တပ္ဖြဲ႕၀င္မ်ားကလည္း ယင္းအၾကမ္းဖက္တုိက္ခိုက္မႈမ်ားကို တုန္႔ျပန္ခဲ့ရာမွ ဥပေဒမဲ့လူသတ္မႈ၊ မုဒိမ္းမႈ၊ လိင္မႈဆိုင္ရာအၾကမ္းဖက္မႈ၊ ၿခိမ္းေျခာက္မႈအပါအ၀င္ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈမ်ား ျဖစ္ေပၚခဲ့သည္ဟု သိရွိ ရေၾကာင္း၊ ယင္းျဖစ္ရပ္မ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ဘဂၤါလီ ၆၉၃၀၀၀ ခန္႔ထြက္ေျပးလ်က္ရွိ ေၾကာင္း

ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕သည္ ၂၀၁၆ခုႏွစ္၊ ေအာက္တိုဘာလကလည္း အလားတူ နယ္စပ္ရဲကင္းစခန္းမ်ားအား အၾကမ္းဖက္တုိက္ခိုက္မႈမ်ား က်ဴးလြန္ခဲ့သျဖင့္ ျမန္မာစစ္ဘက္ကလည္း ျပင္းျပင္း ထန္ထန္လက္တုန္႔ျပန္ခဲ့ရာ၌ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈျဖစ္စဥ္မ်ားျဖစ္ခဲ့ေၾကာင္း၊ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္အဖြဲ႕သည္ ၂၀၁၂ခုႏွစ္တြင္ စတင္ဖြဲ႕စည္း၍ လူေထာင္ေပါင္းမ်ားစြာ အင္အားစုစည္းကာ လက္နက္ ငယ္မ်ား၊ လက္လုပ္ဗုံးမ်ားကိုင္ေဆာင္ခဲ့ေၾကာင္း၊ ၂၀၁၇ ခုႏွစ္၊ၾသဂုတ္တြင္ ၂၀၁၆ ခုႏွစ္ကထက္ ပို၍ မ်ားျပားေသာ ဘဂၤါလီေက်းရြာမ်ားမွ လူအင္အားေထာင္ေပါင္းမ်ားစြာကို စုစည္း၍ ဓား၊ လွံ ၊လက္နက္မ်ဳိးစုံ အသုံးျပဳကာ တုိက္ခိုက္ေစခဲ့ေၾကာင္း၊ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕ႏွင့္အတူ ဘဂၤါလီ ေက်းရြာသားမ်ားပါ၀င္တုိက္ခိုက္ခဲ့ေၾကာင္းကို Amnesty International အဖြဲ႕က အတည္ျပဳႏုိင္ခဲ့ေၾကာင္း၊ Amnesty International အဖြဲ႕အေနျဖင့္ ၂၀၁၇ခုႏွစ္၊ စက္တင္ဘာတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ျမန္မာ ႏိုင္ငံမွ ေရာက္ရွိလာေသာ ဟိႏၵဴအသိုက္အ၀န္းအားလည္းေကာင္း၊ ၂၀၁၈ခုႏွစ္၊ ဧၿပီတြင္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမဳိ႕၌ ဟိႏၵဴ၊ ဘဂၤါလီ၊ ရခိုင္၊ ခမီ၊ ၿမဳိ၊ သက္ စသည့္တုိင္းရင္းသားမ်ားႏွင့္လည္းေကာင္း ေတြ႕ဆုံေမးျမန္း ခဲ့ေၾကာင္း၊ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕၏ က်ဴးလြန္မႈအျပည့္အစုံကို ရခုိင္ျပည္နယ္ ေျမာက္ပိုင္းေဒသသို႔ သြားေရာက္ခြင့္မရရွိေသးသျဖင့္ ေဖာ္ထုတ္ႏုိင္ျခင္းမရွိေသးေၾကာင္း အစခ်ီ၍ ေဖာ္ထုတ္ ေတြ႕ရွိခ်က္မ်ားကို အစီရင္ခံစာအတြင္း အေသးစိတ္ေဖာ္ျပထားသည္။

Amnesty International အဖြဲ႕၏ ေတြ႕ရွိခ်က္မ်ားအရ ခေမာင္းဆိပ္ေက်းရြာမွ ဟိႏၵဴအမ်ဳိးသား၊ အမ်ဳိးသမီး၊ ကေလး ၆၉ ဦးကို ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕က ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္တြင္ ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေခၚေဆာင္သြားသည့္ရြာသားအမ်ားစုကို သုတ္သင္သတ္ျဖတ္ၿပီး က်န္ရြာ သားမ်ားကို ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားျခင္း၊ ခေမာင္းဆိပ္ေက်းရြာမွ အသတ္ခံ ရသူ အေရအတြက္ ၅၃ ဦးရွိၿပီး အမ်ဳိးသား ၂၀ ဦး၊ အမ်ဳိးသမီး ၁၀ ဦး၊ အသက္ ၈ ႏွစ္ေအာက္ကေလး ၁၄ ဦးအပါအ၀င္ ကေလး ၂၃ ဦးရွိၿပီး ထြက္ေျပးလြတ္ေျမာက္သူ အမ်ဳိးသမီး ၈ ဦးႏွင့္ကေလး ၈ ဦးသာရွိျခင္း စသည့္အခ်က္မ်ားကို လည္းေကာင္း၊ ထိုေန႔တြင္ပင္ ရဲေဘာက္က်ေက်းရြာအနီးရွိ ဟိႏၵဴရြာမွ ဘဂၤါလီအမ်ဳိးသား၊ အမ်ဳိးသမီး၊ ကေလး ၄၆ ဦးကုိလည္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ရာ ယေန႔အထိ သတင္းမရဘဲ ေပ်ာက္ဆုံးေနသည့္အခ်က္မ်ားကို လည္းေကာင္း ေဖာ္ထုတ္ေတြ႕ရွိသည္ဟုဆိုသည္။

ထို႔အျပင္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားေသာ ခေမာင္းဆိပ္ေက်းရြာမွ ဟိႏၵဴအမ်ဳိးသမီး ၈ ဦးမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံသို႔ ေရာက္ရွိခ်ိန္၌ ရြာသားမ်ားရက္စက္စြာ သတ္ျဖတ္ခံရၿပီး ရခိုင္ တုိင္းရင္းသားမ်ားက သတ္ျဖတ္ျခင္းျဖစ္ေၾကာင္း သတင္းမွားကို အတင္းအၾကပ္ေျပာဆိုခိုင္းကာ ဗီဒီယိုမွတ္တမ္း ႐ိုက္ကူးထုတ္လႊင့္ခဲ့ေၾကာင္းႏွင့္ အလားတူအျခားသတင္းမွားမ်ားကို ထုတ္လႊင့္ခဲ့ေၾကာင္းကိုလည္း Amnesty International အဖြဲ႕က ေဖာ္ျပသည္။

၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၆ ရက္ကလည္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕ သည္ ေမာင္ေတာ ၿမဳိ႕အနီး ၿမဳိ႕သူႀကီးေက်းရြာ၌ အမ်ဳိးသား ၁ ဦး၊ အမ်ဳိးသမီး ၂ ဦး၊ ကေလး ၃ ဦးတို႔ကို ဥပေဒမဲ့ ရက္စက္ စြာသတ္ျဖတ္ခဲ့ေၾကာင္း Amnesty International အဖြဲ႕၏ အစီရင္ခံစာ၌ အေသးစိတ္ေဖာ္ျပထားသည္။

Amnesty International အဖြဲ႕၏ အစီရင္ခံစာထုတ္ျပန္မႈႏွင့္ပတ္သက္၍ ယခုကဲ့သုိ႔ ရခုိင္ျပည္နယ္အတြင္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕မ်ား၏ လုပ္ေဆာင္ခ်က္အေၾကာင္းအရာမ်ားအား အေထာက္ အထားခုိင္လုံစြာရယူၿပီး သတင္းအမွန္အတုိင္းေဖာ္ျပခဲ့ျခင္းအေပၚ Amnesty International အဖြဲ႕၏ သမာသမတ္ Impartiality ျဖစ္၍ တပ္မေတာ္အေနျဖင့္ ႀကိဳဆုိပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ၂၀၁၂ ခုႏွစ္၊ ေမ ၂၈ ရက္ျဖစ္စဥ္၊ ၂၀၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ၉ ရက္ ျဖစ္စဥ္ႏွင့္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ျဖစ္စဥ္မ်ားအေပၚ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕က သတင္းစာရွင္းလင္းပြဲမ်ားျဖင့္ ရွင္းလင္းျခင္း၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားႏွင့္ သတင္းစာမ်ားမွ သတင္းမွန္ထုတ္ျပန္ျခင္းမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ အႀကိမ္ႀကိမ္ထုတ္ျပန္ေပးခဲ့ေသာ္လည္း အေနာက္အုပ္စုႏိုင္ငံတကာသတင္းဌာနႀကီးမ်ား ႏွင့္ အစိုးရအဖဲြ႕မ်ားက လက္ခံအသိအမွတ္မျပဳဘဲ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္သာ ျမန္္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္အေပၚ ဖိအားေပးေျပာဆုိဆက္ဆံခဲ့သည္။

Amnesty International အဖြဲ႕၏ ေဖာ္ျပပါျဖစ္စဥ္မ်ားအျပင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕မွ ျဖစ္စဥ္ႀကီး ၃ ႀကိမ္အတြင္း ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္အဖြဲ႕၏ အၾကမ္းဖက္မႈႏွင့္ ARSA အဖြဲ႕၀င္မဟုတ္ေသာ္လည္း အေရးအခင္းကာလအတြင္း အခြင့္အေရးအရ ပုဂၢလိကတစ္ဦးခ်င္းႏွင့္ အစုအဖြဲ႕ အလိုက္ အၾကမ္းဖက္မႈ က်ဴးလြန္ခဲ့ျခင္းေၾကာင့္ေသဆုံးခဲ့ရသည့္ ၿမိဳ၊ ခမီမ်ားအသတ္ခံရမႈ၊ ဘဂၤါလီအခ်င္းခ်င္း လူသတ္၊ ဓားျပတုိက္ျခင္း၊ မုဒိမ္းက်င့္ျခင္းမ်ားႏွင့္ မိမိအိမ္မိမိမီး႐ိႈ႕ျခင္းမ်ားကိုလည္း ေဖာ္ျပထားခဲ့ၿပီးျဖစ္သည္။ အဆုိပါ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္အဖြဲ႕ႏွင့္ ပဋိပကၡအေပၚ အစပ်ိဳးခဲ့သူဘဂၤါလီမ်ားမွ က်န္တုိင္း ရင္းသားမ်ားႏွင့္ လူမ်ိဳးတူဘဂၤါလီမ်ား အေပၚသတ္ျဖတ္ခဲ့မႈတုိ႔အေပၚ၌လည္း အမွန္တရားဘက္မွ ဆက္လက္ ရပ္တည္ေဖာ္ထုတ္ ေပးႏုိင္ရန္လည္း တုိက္တြန္းလိုပါသည္။

ျမန္မာ့တပ္မေတာ္အေနျဖင့္ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္-ေမာင္ေတာေဒသ ျဖစ္စဥ္မ်ား၌ ခန္႔မွန္းအင္အား ၆၀၀၀ မွ ၁၀၀၀၀ ၾကားရွိ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္အဖြဲ႕ႏွင့္ ၎တုိ႔၏ စည္း႐ုံးမႈေအာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားမွ လက္နက္ငယ္မ်ား၊ လက္လုပ္ဗုံးမ်ား၊ လက္နက္ႀကီးမ်ားစြဲကိုင္၍ အင္အားသုံး တုိက္ခုိက္လာသျဖင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား၏ လုံၿခဳံေရးႏွင့္ အသက္အုိးအိမ္ စည္းစိမ္အား ကာကြယ္ေစာင့္ေရွာက္ႏုိင္ရန္ႏွင့္္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား၏ မိမိကိုယ္မိမိ ကာကြယ္ရန္အလုိ႔ငွာ အနည္းဆုံး အင္အားျဖင့္ ထိေတြ႕တုိက္ခိုက္မႈစည္းမ်ဥ္း (Rule of Engagement-ROE) ႏွင့္အညီ တိက်စြာလုိက္နာ ေဆာင္ရြက္ေစခဲ့ၿပီး ပုဂၢလိကဆန္စြာျပစ္မႈက်ဴးလြန္ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအား ေဖာ္ထုတ္ အေရးယူ ခဲ့သည္။ အေရးယူေဆာင္ရြက္မႈမ်ားကိုလည္း ပြင့္လင္းျမင္သာစြာ သတင္းထုတ္ျပန္ေပးခဲ့သည္။ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔ ကုလသမဂၢလုံၿခဳံေရး ေကာင္စီအဖြဲ႕၀င္ ၁၅ ႏုိင္ငံ၏ ကိုုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံစဥ္က တပ္မေတာ္၏ ရပ္တည္ခ်က္သေဘာထားကိုလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရွင္းလင္းစြာ ေျပာၾကားခဲ့ၿပီးေနာက္ ျဖစ္စဥ္မွန္ေဖာ္ျပထားသည့္ အေထာက္အထားဓာတ္ပံုမွတ္တမ္းမ်ားကိုလည္း ေပးအပ္ ခဲ့ၿပီးျဖစ္ပါသည္။ ၎အျပင္ အဆုိပါအဖြဲ႕သို႔ တပ္မေတာ္သားမ်ားအပါအ၀င္ လုံၿခဳံေရးအဖြဲ႕၀င္မ်ားက ျပစ္မႈက်ဴး လြန္ခဲ့သည္ဟုခုိင္လုံသည့္သက္ေသ အေထာက္အထားမ်ားရွိပါက ေပးပို႔ရန္ႏွင့္ တပ္မေတာ္အေနျဖင့္ စစ္ေဆး ၍ မွန္ကန္ပါက အေရးယူသြားမည္ ျဖစ္ေၾကာင္းလည္း ေျပာၾကားၿပီးျဖစ္ပါသည္။ တပ္မေတာ္အေနျဖင့္ ျပစ္မႈက်ဴးလြန္မႈမ်ားကုိ ထိေရာက္စြာ အေရးယူမႈမ်ားျပဳလုပ္ျခင္းမွာ တပ္မေတာ္၏ တာ၀န္ယူမႈ (Accountability) ႏွင့္ တာ၀န္ခံမႈ (Responsibility) ကို ေဖာ္ျပျခင္းလည္းျဖစ္ပါသည္။ ထုိ႔အတူ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ အေရးအခင္းႀကီးမ်ားတြင္ပါ၀င္ျပစ္မႈ က်ဴးလြန္ခဲ့သည့္ ဘဂၤါလီ တုိ႔၏ ဘူးသီးေတာင္- ေမာင္ေတာေဒသ ပဋိပကၡျဖစ္စဥ္အမွန္တုိ႔အား ႏုိင္ငံပိုင္မီဒီယာမ်ား၊ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕အပါအ၀င္ တပ္မေတာ္ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ေတြ႕ဆုံျခင္းတုိ႔၌လည္း အေထာက္အထား ခုိင္လုံစြာျဖင့္ ရွင္းလင္းေျပာဆုိျခင္း၊ အေထာက္အထားမ်ားေပးအပ္ျခင္းတုိ႔ ျပဳလုပ္လ်က္ရွိ ရာ ၎အေၾကာင္းအရာႏွင့္ ျဖစ္စဥ္မွန္မ်ားအား ႏုိင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ႏုိင္ငံတကာသတင္းမီဒီ ယာမ်ားမွ အမွန္တရားအတုိင္း ဆက္လက္၍ Amnesty International အဖြဲ႔ကဲ့သို႔ ရဲရဲ၀ံ့၀ံ့ေဖာ္ထုတ္ေပး ႏုိင္ပါရန္ တုိက္တြန္းပါေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕








(Unicode Version)

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အုပ်စုက အကြမ်းဖက်တိုက်ခိုက်မှုများ၊ လူမဆန်စွာ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း Amnesty International အဖွဲ့၏ဖော်ထုတ် ချက်များကို ကြိုဆို

နေပြည်တော်၊ မေ - ၂၄

၂၀၁၈ခုနှစ်၊ မေ ၂၃ ရက်တွင် Amnesty International အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ ''Attacks by the Arakan Rohingya Salvation Army(ARSA) on Hindus in Northern Rakhine State'' တွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် အုပ်စုက ၂၀၁၇ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးကင်းစခန်း ၃၀ ခန့်အား အချိန်ယူကြိုတင်ပြင်ဆင်စီမံ၍ တစ်ပြိုင်နက်အကြမ်းဖက်စီးနင်း တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုများမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင် သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့၏ ရခိုင်ဒေသဆိုင်ရာ အဆုံးသတ်အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အကြာတွင်ပင် ဖြစ်ပေါ်ခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့်အတူ ၎င်းတို့စည်းရုံးထား သော ဘင်္ဂါလီကျေးရွာသားအများအပြားလည်း အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ကြောင်း၊ မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ယင်းအကြမ်းဖက်တိုက်ခိုက်မှုများကို တုန့်ပြန်ခဲ့ရာမှ ဥပဒေမဲ့လူသတ်မှု၊ မုဒိမ်းမှု၊ လိင်မှုဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိ ရကြောင်း၊ ယင်းဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၆၉၃၀၀၀ ခန့်ထွက်ပြေးလျက်ရှိ ကြောင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလကလည်း အလားတူ နယ်စပ်ရဲကင်းစခန်းများအား အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သဖြင့် မြန်မာစစ်ဘက်ကလည်း ပြင်းပြင်း ထန်ထန်လက်တုန့်ပြန်ခဲ့ရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များဖြစ်ခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့သည် ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်း၍ လူထောင်ပေါင်းများစွာ အင်အားစုစည်းကာ လက်နက် ငယ်များ၊ လက်လုပ်ဗုံးများကိုင်ဆောင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊သြဂုတ်တွင် ၂၀၁၆ ခုနှစ်ကထက် ပို၍ များပြားသော ဘင်္ဂါလီကျေးရွာများမှ လူအင်အားထောင်ပေါင်းများစွာကို စုစည်း၍ ဓား၊ လှံ ၊လက်နက်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်စေခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့်အတူ ဘင်္ဂါလီ ကျေးရွာသားများပါဝင်တိုက်ခိုက်ခဲ့ကြောင်းကို Amnesty International အဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း၊ Amnesty International အဖွဲ့အနေဖြင့် ၂၀၁၇ခုနှစ်၊ စက်တင်ဘာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြန်မာ နိုင်ငံမှ ရောက်ရှိလာသော ဟိန္ဒူအသိုက်အဝန်းအားလည်းကောင်း၊ ၂၀၁၈ခုနှစ်၊ ဧပြီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဟိန္ဒူ၊ ဘင်္ဂါလီ၊ ရခိုင်၊ ခမီ၊ မြို၊ သက် စသည့်တိုင်းရင်းသားများနှင့်လည်းကောင်း တွေ့ဆုံမေးမြန်း ခဲ့ကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ ကျူးလွန်မှုအပြည့်အစုံကို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ သွားရောက်ခွင့်မရရှိသေးသဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း အစချီ၍ ဖော်ထုတ် တွေ့ရှိချက်များကို အစီရင်ခံစာအတွင်း အသေးစိတ်ဖော်ပြထားသည်။

Amnesty International အဖွဲ့၏ တွေ့ရှိချက်များအရ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူအမျိုးသား၊ အမျိုးသမီး၊ ကလေး ၆၉ ဦးကို ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ခေါ်ဆောင်သွားသည့်ရွာသားအများစုကို သုတ်သင်သတ်ဖြတ်ပြီး ကျန်ရွာ သားများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ခမောင်းဆိပ်ကျေးရွာမှ အသတ်ခံ ရသူ အရေအတွက် ၅၃ ဦးရှိပြီး အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ အသက် ၈ နှစ်အောက်ကလေး ၁၄ ဦးအပါအဝင် ကလေး ၂၃ ဦးရှိပြီး ထွက်ပြေးလွတ်မြောက်သူ အမျိုးသမီး ၈ ဦးနှင့်ကလေး ၈ ဦးသာရှိခြင်း စသည့်အချက်များကို လည်းကောင်း၊ ထိုနေ့တွင်ပင် ရဲဘောက်ကျကျေးရွာအနီးရှိ ဟိန္ဒူရွာမှ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ ကလေး ၄၆ ဦးကိုလည်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ သတင်းမရဘဲ ပျောက်ဆုံးနေသည့်အချက်များကို လည်းကောင်း ဖော်ထုတ်တွေ့ရှိသည်ဟုဆိုသည်။

ထို့အပြင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားသော ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူအမျိုးသမီး ၈ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်၌ ရွာသားများရက်စက်စွာ သတ်ဖြတ်ခံရပြီး ရခိုင် တိုင်းရင်းသားများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းမှားကို အတင်းအကြပ်ပြောဆိုခိုင်းကာ ဗီဒီယိုမှတ်တမ်း ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်းနှင့် အလားတူအခြားသတင်းမှားများကို ထုတ်လွှင့်ခဲ့ကြောင်းကိုလည်း Amnesty International အဖွဲ့က ဖော်ပြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၆ ရက်ကလည်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ သည် မောင်တော မြို့အနီး မြို့သူကြီးကျေးရွာ၌ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦးတို့ကို ဥပဒေမဲ့ ရက်စက် စွာသတ်ဖြတ်ခဲ့ကြောင်း Amnesty International အဖွဲ့၏ အစီရင်ခံစာ၌ အသေးစိတ်ဖော်ပြထားသည်။

Amnesty International အဖွဲ့၏ အစီရင်ခံစာထုတ်ပြန်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များ၏ လုပ်ဆောင်ချက်အကြောင်းအရာများအား အထောက် အထားခိုင်လုံစွာရယူပြီး သတင်းအမှန်အတိုင်းဖော်ပြခဲ့ခြင်းအပေါ် Amnesty International အဖွဲ့၏ သမာသမတ် Impartiality ဖြစ်၍ တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ၂၀၁၂ ခုနှစ်၊ မေ ၂၈ ရက်ဖြစ်စဉ်၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် ဖြစ်စဉ်နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်ဖြစ်စဉ်များအပေါ် တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲများဖြင့် ရှင်းလင်းခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများမှ သတင်းမှန်ထုတ်ပြန်ခြင်းများအား အချိန်နှင့်တစ်ပြေးညီ အကြိမ်ကြိမ်ထုတ်ပြန်ပေးခဲ့သော်လည်း အနောက်အုပ်စုနိုင်ငံတကာသတင်းဌာနကြီးများ နှင့် အစိုးရအဖွဲ့များက လက်ခံအသိအမှတ်မပြုဘဲ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့်သာ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အပေါ် ဖိအားပေးပြောဆိုဆက်ဆံခဲ့သည်။



Amnesty International အဖွဲ့၏ ဖော်ပြပါဖြစ်စဉ်များအပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဖြစ်စဉ်ကြီး ၃ ကြိမ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုနှင့် ARSA အဖွဲ့ဝင်မဟုတ်သော်လည်း အရေးအခင်းကာလအတွင်း အခွင့်အရေးအရ ပုဂ္ဂလိကတစ်ဦးချင်းနှင့် အစုအဖွဲ့ အလိုက် အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းကြောင့်သေဆုံးခဲ့ရသည့် မြို၊ ခမီများအသတ်ခံရမှု၊ ဘင်္ဂါလီအချင်းချင်း လူသတ်၊ ဓားပြတိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများနှင့် မိမိအိမ်မိမိမီးရှို့ခြင်းများကိုလည်း ဖော်ပြထားခဲ့ပြီးဖြစ်သည်။ အဆိုပါ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပဋိပက္ခအပေါ် အစပျိုးခဲ့သူဘင်္ဂါလီများမှ ကျန်တိုင်း ရင်းသားများနှင့် လူမျိုးတူဘင်္ဂါလီများ အပေါ်သတ်ဖြတ်ခဲ့မှုတို့အပေါ်၌လည်း အမှန်တရားဘက်မှ ဆက်လက် ရပ်တည်ဖော်ထုတ် ပေးနိုင်ရန်လည်း တိုက်တွန်းလိုပါသည်။



မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ ဖြစ်စဉ်များ၌ ခန့်မှန်းအင်အား ၆၀၀၀ မှ ၁၀၀၀၀ ကြားရှိ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ စည်းရုံးမှုအောက် ဘင်္ဂါလီအကြမ်းဖက်သမားများမှ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများ၊ လက်နက်ကြီးများစွဲကိုင်၍ အင်အားသုံး တိုက်ခိုက်လာသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိမိကိုယ်မိမိ ကာကွယ်ရန်အလို့ငှာ အနည်းဆုံး အင်အားဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement-ROE) နှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်စေခဲ့ပြီး ပုဂ္ဂလိကဆန်စွာပြစ်မှုကျူးလွန်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ဖော်ထုတ် အရေးယူ ခဲ့သည်။ အရေးယူဆောင်ရွက်မှုများကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ ကိုုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်က တပ်မတော်၏ ရပ်တည်ချက်သဘောထားကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးနောက် ဖြစ်စဉ်မှန်ဖော်ပြထားသည့် အထောက်အထားဓာတ်ပုံမှတ်တမ်းများကိုလည်း ပေးအပ် ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအပြင် အဆိုပါအဖွဲ့သို့ တပ်မတော်သားများအပါအဝင် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်ခဲ့သည်ဟုခိုင်လုံသည့်သက်သေ အထောက်အထားများရှိပါက ပေးပို့ရန်နှင့် တပ်မတော်အနေဖြင့် စစ်ဆေး ၍ မှန်ကန်ပါက အရေးယူသွားမည် ဖြစ်ကြောင်းလည်း ပြောကြားပြီးဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ပြစ်မှုကျူးလွန်မှုများကို ထိရောက်စွာ အရေးယူမှုများပြုလုပ်ခြင်းမှာ တပ်မတော်၏ တာဝန်ယူမှု (Accountability) နှင့် တာဝန်ခံမှု (Responsibility) ကို ဖော်ပြခြင်းလည်းဖြစ်ပါသည်။ ထို့အတူ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် အရေးအခင်းကြီးများတွင်ပါဝင်ပြစ်မှု ကျူးလွန်ခဲ့သည့် ဘင်္ဂါလီ တို့၏ ဘူးသီးတောင်- မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်အမှန်တို့အား နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အပါအဝင် တပ်မတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ တွေ့ဆုံခြင်းတို့၌လည်း အထောက်အထား ခိုင်လုံစွာဖြင့် ရှင်းလင်းပြောဆိုခြင်း၊ အထောက်အထားများပေးအပ်ခြင်းတို့ ပြုလုပ်လျက်ရှိ ရာ ၎င်းအကြောင်းအရာနှင့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာသတင်းမီဒီ ယာများမှ အမှန်တရားအတိုင်း ဆက်လက်၍ Amnesty International အဖွဲ့ကဲ့သို့ ရဲရဲဝံ့ဝံ့ဖော်ထုတ်ပေး နိုင်ပါရန် တိုက်တွန်းပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။



တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment