Latest News

Thursday, May 24, 2018

မလေးရှား ဝန်ကြီးများ၏ လစာကို ၁ဝ ရာခိုင်နှုန်း လျှော့ချမည်

မလေးရှား ဝန်ကြီးများ၏ လစာကို ၁ဝ ရာခိုင်နှုန်း လျှော့ချမည်

ပူထရာဂျာယာ မေ ၂၃

မလေးရှားနိုင်ငံ၌ အသစ်ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့မှ ဝန်ကြီးများ၏ လစာကို ၁ဝ ရာခိုင်နှုန်းလျှော့ချရန် အစိုးရအဖွဲ့က သဘောတူကြောင်းနှင့် ယင်းသို့လုပ်ဆောင်မှုသည် အစိုးရအသုံးစရိတ်ကို ထိန်းချုပ်ရန် လုပ်ဆောင်မှုများအနက် တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က မေ ၂၃ ရက်တွင်ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံ၏ဘဏ္ဍာရေး ပြဿနာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း၊ ဝန်ကြီးများ၏ လစာ များသည် အကြီးတန်း အစိုးရဝန်ထမ်းများ၏ လစာထက် နည်းပါးေ နကြောင်း၊ သို့သော် ဝန်ကြီးများ၏ လစာကို၁ဝ ရာခိုင်နှုန်းလျှော့ချမည်ဖြစ်ကြောင်း မဟာသီယာမိုဟာမက်က ပထမဆုံးအကြိမ် အစိုးရ အဖွဲ့အစည်း အဝေးပြုလုပ်ပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မလေးရှားနိုင်ငံက တင်ရှိနေသော အကြွေးမှာ ရင်းဂစ် ၁ ထရီလီယံဖြစ်ပြီး အများစုမှာ စီမံကိန်းကြီးများ အကောင်အထည် ဖော်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အကြွေးကို လျှော့ချနိုင်ရန်အတွက် နည်း လမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း မဟာသီယာမိုဟာမက်က ပြောသည်။

မဟာသီယာမိုဟာမက်သည် ပထမဆုံး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်သည့် ၁၉၈၁ ခုနှစ်တွင် ၎င်းအနေဖြင့် ပထမဆုံး လုပ်ဆောင်သော အရာမှာ ဝန်ကြီးများနှင့် အကြီးတန်း အစိုးရ ဝန်ထမ်းများ၏ လစာကို လျှော့ချခြင်း ဖြစ် သည်။ လက်ရှိတွင် အစိုးရ ဝန်ထမ်းများ၏ လစာကို လျှော့ချရန်ရှိ၊မရှိနှင့် ပတ်သက်သည့် သတင်းထောက်များ၏ မေးမြန်းမှုကို မဟာသီယာမိုဟာမက်က ဖြေဆိုရာတွင် အကြီးတန်း အစိုးရ ဝန်ထမ်းများသည် ဝန်ကြီးများ ထက်လစာကောင်းကြောင်း၊ ၎င်းတို့အနေဖြင့်နိုင်ငံ၏ ကုန်ကျစရိတ်ကို လျော့ကျစေရန် ဆန္ဒရှိပါက လစာများ ကိုလျှော့ချပေး မည်ဖြစ်ေ ကြာင်း ပြောသည်ဟု သိရသည်။


MWD

No comments:

Post a Comment