Latest News

Friday, May 25, 2018

ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် ၂၉ လုံးဆုံးရှုံး

ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာ၌မီးလောင်မှုကြောင့် နေအိမ် ၂၉ လုံးဆုံးရှုံး
ဘိုကလေး မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာ၌ မေ ၂၄ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်/ဆိုင်ခန်း ၂၉ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၄ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က ဘိုကလေးမြို့နယ် မြင်းကကုန်း ကျေးရွာ အမှတ် ၁ နယ်မြေ ဓမ္မပါလရပ်ကွက် ကမ်းနားလမ်းရှိ ကုန်ခြောက်ဆိုင် တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်/ဆိုင်ခန်း၂၉ လုံးခန့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

မီးလောင်ရာသို့ ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ လူအသေအပျောက် မရှိကြောင်း သိရသည်။

သူဇာနွယ် (ဖျာပုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment