Latest News

Tuesday, April 3, 2018

မအူပင်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိ

မအူပင်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိ

မအူပင် ၊ ဧပြီ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ မြို့အ၀င်တွင်မူးယစ်ဆေးဝါးသယ်ဆောင်လာသည်ဟုသတင်းရသဖြင့် ဘုရားလမ်းနှင့် မြို့ရှောင်လမ်းဆုံရတနာကောင်းကင်ဆီဆိုင်အနီးတွင် မအူပင်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်ကျော်လင်း၊ ရဲအုပ်သူအောင်နှင့် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သောင်းလွင်၊ နယ်ထိန်းဒုတပ်ကြပ် မျိုးဆွေနိုင် သက်သေများဖြစ်သောဦးဇော်မင်းလွင်၊ ဦးနေမျိုးထွေးတို့နှင့်အတူစောင့်ဆိုင်းဖမ်းဆီးရာ TOYOTA BELTAယာဉ်အမှတ် YGN – AA ---- ခဲရောင်ယာဉ်ပေါ်တွင် မောင်ဝေလွင်ထွန်းအသက် (၂၀)နှစ်၊ ပုပ္ပ၀တီလမ်း၊ ၅ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နှင့် မောင်မင်းသူထွန်းအသက်(၁၈)နှစ် ယာဉ်မောင်း၊ အမှတ်(၂၉၈/၃၀၁) ပုပ္ပ၀တီလမ်း (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့အားရှာဖွေရာအရှာမခံဘဲထွက်ပြေးပြီး
ရတနာကောင်းကင်ဆီဆိုင်ရှေ့ရေမြောင်းထဲသို့ ပစ်ချသည်ကိုတွေ့ရှိသဖြင့် အထုတ်အားရှာဖွေရာ WY စာတမ်းပါ (လိမ္မော်ရောင်)စိတ်ကြွရူးသွပ်ဆေးပြား(၁၈၄)ပြား၊ အလေးချိန် တစ်ပြားလျှင် (၀.၀၉)ဂရမ် စုစုပေါင်း (၁၆.၅၆)ဂရမ်  အပြာရောင်ကပ်ခွာအိတ်တစ်အိတ်၊ အနက်ရောင်မီးတိတ်(၁)ခုတို့အားမူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသောအငှားမော်တော်ယာဉ်တစ်စီး VIVO အမျိုးအစားအဖြူရောင်ဖုန်းOPPOအနက်ရောင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရဲအုပ်သူအောင် ဦးဆောင်သောအဖွဲ့ကရှာဖွေပုံစံဖြင့် သိမ်းဆီးခဲ့ပြီးမူးယစ်စိတ်ကြွဆေးပြားများအားရောင်းချရန် လက်ဝယ်ထားရှိသယ်ယူပို့ဆောင်သူမင်းသူထွန်းနှင့် ဝေလွင်ထွန်းတို့ (၂)ဦးအားရဲအုပ်သူအောင်မှ တရားလိုပြုတိုင်တန်းသဖြင့် မြို့မစခန်းက အမှုဖွင့်အရေးယူခဲ့ပြီးဒုရဲအုပ်မျိုးထက်လင်းကစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)

No comments:

Post a Comment