Latest News

Wednesday, April 18, 2018

ပန်းတင်အမြန်လမ်းပိုင်း၌ SURF ကားတိမ်းမှောက်၍ လူနှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့်ကလေးတစ်ဦး ဒဏ်ရာရ

ပန်းတင်အမြန်လမ်းပိုင်း၌ SURF ကားတိမ်းမှောက်၍ လူနှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့်ကလေးတစ်ဦး ဒဏ်ရာရ

ပန်းတင် ဧပြီ ၁၇

၂၀၁၈ ဧပြီ ၁၇ရက် နံနက် ၈:၃၀အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း ပန်းတင်အမြန်လမ်းပိုင်း၌ SURF ကားတိမ်းမှောက်၍ လူနှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ် ပန်းတင်အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၂၁၇/၅ နှင့် ၂၁၇/၆ အကြား မန္တလေးမြို့ဘက်မှ နေပြည်တော်မြို့ဘက်သို့ မြောက်ဒဂုံမြို့နယ် မန္တလေးလမ်း(မ/၂၃)နေ ယာဉ်မောင်း ရဲရင့်မောင်(၂၀)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 9D/------SURF အမျိုးအစား အပြာရောင်မော်တော်ယာဉ်မှာ အရှိန်မထိမ်းနိုင်ဘဲ လက်ယာဘက် မြေသားလမ်းပေါ်ရောက်ရှိတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျားသုံးဦး မ နှစ်ဦး စုစုပေါင်း ငါးဦးအနက် ယာဉ်မောင်း ရဲရင့်မောင် နှင့် ၄င်းနှင့်တစ်ရပ်ကွက်ထဲနေ ဒေါ်အေးအေးလွင် (၄၀)နှစ်တို့ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၄င်းတို့နှင့်တစ်ရပ်ကွက်ထဲနေ ဦးမောင်မောင်(၅၀)နှစ်(အတွင်းလူနာ/မစိုးရိမ်ရ) မပြည့်ပြည့်မိုး(၁၁)နှစ်(ပြင်ပလူနာ/မစိုးရိမ်)တို့ ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ကြောင်းမှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သတ်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းရဲရင့်အောင်အား ပန်းတင်အမြန်လမ်းရဲစခန်းမှ  အမှုဖွင့်ထားရှိကြောင်း စုံစမ်းသိရှိရသည်။

ဘိုဘို(မလှိုင်)

No comments:

Post a Comment