Latest News

Wednesday, April 4, 2018

ငပုတောမြို့နယ် အနောက်ဘက်ပင်လယ်ကမ်းခြေဒေသ စပါးကြီးကျေးရွာအုပ်စု ဘုတ်ပင်ဆိပ်ရွာထိပ်ကလမ်းကလေး

ဧရာတီတိုင်း
ငပုတောမြို့နယ်
အနောက်ဘက်ပင်လယ်ကမ်းခြေဒေသ
စပါးကြီးကျေးရွာအုပ်စု
ဘုတ်ပင်ဆိပ်ရွာထိပ်ကလမ်းကလေးပါ
၁၉၈၈ နောက်ပိုင်း မှာ ဒေသခံ ပြည်သူများလုပ်အားနဲ့
ဆယ်ဖို့ခဲ့တဲ့ လမ်းဖြစ်ပါတယ် ။
နှစ်တွေကြာလာတာနဲ့ အမျှ လမ်းကို ပြုပြင်ပေးနိုင်ခြင်းမရှိတော့
ဒီရေတက်လာရင် လမ်းပေါ်မှာ ပင်လယ်ဆားငံ ရေတွေက
ဆိုင်ကယ်တွေ မြုပ်တဲ့ အထိ တက်ပါတယ် ။
အနောက်ဘက်ကမ်းခြေဟာ သဘာဝက ပေးထားတဲ့
ကောင်းမွန်မြင့်မြတ်တဲ့ ပါတ်ဝန်းကျင်အခြေအနေတွေက လွဲ လို့
ဘယ်အစိုးရ ကမှ မှုမှုရရ ပြန်ကြည့်ပြီး ဒေသခံတွေအတွက်
အခုလို ရနိုင်တဲ့ ဘက်ဂျက်ကလေးနဲ့
လမ်းတွေကောင်းလာအောင် လုပ်ပေးခဲ့တာ မရှိသေးဘူး လို့ ပြောရပါမယ် ။
အခုတော့ကျွန်တော်တို့ ဒေသခံပြည်သူတွေ စိတ်ကြိုက်ရွေးချယ် ရယူနိုင်ခဲ့တဲ့
ပြည်သူ့ အစိုးရ လက်ထက်မှာတော့ အမြဲတမ်း အခွင့်အရေး တွေဆိုရင်
ဘယ်တော့မှ မရခဲ့တဲ့ အပါယ်ခံ ဒေသ ကလေးအတွက်
မကြားစဘူး မမြင်စဘူးတဲ့ အလုပ်တွေကို လုပ်ပေးနေတာ မြင်နေရ တွေ့နေရပါပြီ ။
အစိုးရကြီးနဲ့ ကိုယ်စားလှယ်ကြီးတွေကို
ကျေးဇူးအများကြီတင်ပါတယ် ။
၂၀၂၀ မှာလည်း ကျွန်တော်တို့ အတွက် မမေ့မလျော့ လုပ်ပေးနေတဲ့
ဒီအစိုးရကိုဘဲ ရွေးချယ်ပါမယ် ။
ဘယ်သူတွေ ဘာတွေပြောနေပြောနေ အလုပ်နဲ့ သက်သေပြနေတဲ့
ခေါင်ဆောင်ကောင်း တွေ နဲ့ နောက်လိုက်ကောင်းတွေရှိတဲ့
ပေးဆပ်နေကြတဲ့ လူတွေ လက်ထဲ ကို ကျွန်တော်တို့ အနာဂါတ် ကို
ယုံကြည်စွာ ပေးအပ် ဖို့ စောင့် နေပါမယ် ။
အနောက်ဘက်ကမ်းခြေ ရဲ့ လမ်းတွေပေါ်မှာ
၂၀၁၅ တုန်းက လို ဆိုင်ကယ်တွေနဲ့ အင်အားပြ ခဲ့တဲ့ ကမ်းခြေသားတွေရဲ့
မျှော်လင့်ခြင်းမျက်နှာတွေ ကို ၂၀၂၀ မှာတော့ မော်တော်ယာဉ်တန်း ကြီးတွေပေါ်မှာ
အနီရောင် အလံတွေ အမြင့်ကြီး ထိုးစိုက် လက်တွေ မှာလည်း
အနီ ရောင်အလံ လေး တွေဝှေ့ရမ်းလို့ ဆောင်းဘောက်က သီချင်းသံတွေနဲ့
ကခုန် ပျော်ရွှင်နေကြတာ မြင် ရဦးမယ် လို့
အိပ်မက်တွေ မက်နေကြပါတယ် ။ ။

U Win Soe 










No comments:

Post a Comment