Latest News

Sunday, April 22, 2018

ရက် ၂၀ ကြာပျောက်ဆုံးနေသည့် သမီးငယ်အားမိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံ

ရက် ၂၀ ကြာပျောက်ဆုံးနေသည့် သမီးငယ်အားမိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံ


မိုင်းယု   ဧပြီ    ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ ၁၇ မိုင်အကွာရှိ ပြည်ငြိမ်းအေးကျေးရွာနေလူကုန်ကူးခံရသူအမျိုးသမီးမမီတူး( ၁၅ နှစ်)အားမိုင်းယုမြို့ရှိ နိုင်ငံချစ်ကြည်ရေးတံတားဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် ဧပြီ ၂၁ ရက် မွန်းလွဲ၁ နာရီကျော်က ပြန်လည်လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ပြည်ငြိမ်းအေးကျေးရွာနေဦးအောင်မြတ်နှင့် ဒေါ်ဘူးမြောင်၏ သမီးမမီတူးကိုတရုတ်ပြည်တွင် အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်ရန် အထူးဒေသ(၄)နမ့်ပန်းဒေသနေ မောင်ယုဓ(၂၄နှစ်)မှခေါ်ဆောင်သွားခဲ့ပြီးအဆက်အသွယ်မရ၍ မတ်လ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီကတာချီလိတ်မြို့ လူကုန်ကူးမှုတားဆီးကာကွယ် နှိမ်နင်းရေးရဲတပ်ဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့သဖြင့် ဧပြီ ၁ ရက်နေ့တွင် တာချီလိတ်မြို့ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးဦးစီးသည့်တပ်ဖွဲ့ဝင်များမှ မိုင်းယောင်းမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး စံလင်း၊ မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဟိန်းဝဏ္ဏမောင်နှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းယုစရဖတပ်ဖွဲ့စိတ်(၂)မှ တပ်ကြပ် သိန်းဇော်ထွန်းတို့မှ အထူး(၄)၊ နမ့်ပန်းဒေသရှိ ဆက်ဆံရေးရုံးသို့ မမီတူးအား ပြန်လည်ရရှိရေး ပူပေါင်းညှိနှိုင်း၍ စုံစမ်းရှာဖွေခဲ့ရာ ဧပြီ ၂၀ ရက်နေ့တွင် မီတူးအား ပြန်လည်တွေ့ရှိခဲ့ပြီး ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီကျော်က မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ပန်း ဆက်ဆံရေးရုံးမှ ရဲစခန်းမှူး ဒုရဲမှူး အားဖာနှင့် ဆက်ဆံရေးတာဝန်ခံများက မမီတူးအား မိခင်နှင့်အတူ ရဲတပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးဦးစီးသည့် ပူးပေါင်းအဖွဲ့များထံမိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။

အဆိုပါခေါ်ဆောင်သွားသူမောင်ယုဓအားအထူးဒေသ(၄)နမ့်ပန်းတွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)

No comments:

Post a Comment