Latest News

Tuesday, April 10, 2018

မြန်မာပြည်၏ လူမျိုးရေး အမုန်းစကားများ အတွက် ဇူကာဘတ်၏ အစီအစဉ်များ



ယနေ့ အမေရိကန် ကွန်ဂရက် ရှေ့ မှောက်တွင်၅ နာရီ ကြာမျ ခေါ်ယူ စစ်ဆေးခဲ့စဉ်
တွင် ဇူကာဘတ်ကမြန်မာနိုင်ငံအတွင်း လူမျိုးရေး မုန်းတီးမှု ပို့စ်များကို ယခင်ကထက် ပိုမို
ပြီး ပိတ်ပင်သွားမယ်လို့ပြောကြားလိုကပါတယ်။

၎င်း၏ ဆိုရှယ် မီဒီယာကို အသုံးချကာ ရွေးကောက်ပွဲတွင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှု
များနှင့် လူမျိုးရေး အမုန်းစကားများ ဖြန့်ချီနေမှုအပေါ် ကွန်ဂရက် က ခေါ်ယူမေးမြန်းခဲ့ခြင်း
ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်သည် အဓိကထားသုံးစဲနေသော ဆက်သွယ်ရေး ကွန်ယက် ဖြစ်
နေပါတယ်။

ထို့အတွက် မြန်မာနိုင်ငံ အတွင်း လူမျိုးရေး မျိုးတုန်းမှု ကျုးလွန်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးနေ
သော ကုလသမဂ္ဂ အရာရှိများက ဖေ့ဘုတ်စ်သည် အဓိက တရားခံ ဖြစ်ကြောင်းလည်း
ပြီးခဲ့တဲ့ လ က ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဇူကာဘတ် က မိမိအနေဖြင့် ထိုသို့ ထပ်မံမဖြစ်ပေါ်စေရေးအတွက် မြန်မာ စကား
ပြော ပညာရှင် များ နောက်ထပ် ဒါဇင်ပေါင်းများစွာ ငှားရမ်းကာ အန္တရာယ်ပေး ခြိမ်းခြောက်
သည့် အကြောင်းအရာများကို ဖယ်ရှားပေးမယ်လို့ ဆိုပါတယ်။

သူ့ အနေနဲ့ မြန်မာ စကားပြော ပညာရှင်များမရှိပဲ လုပ်ရတာ ခက်ခဲမှုတွေ တွေ့လာနေရ
ကြောင်းနှင့် မိမိတို့၏ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန် မြန်မာနိုင်ငံတွင်းရှိ မြို့ ပြ အဖွဲ့
အစည်းများကို ချည်းကပ်မေးမြန်းကာ မည်သူတို့ကို ပိတ်ပင် သင့်ကြောင်း အကြံညဏ်ယူ
သွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်။

လူမျိုးရေး အကြမ်းဖက်မှုများ ရှိနေသည့် မြန်မာနိုင်ငံ နှင့် အခြားသော နိုင်ငံများအတွက်
ဖေ့စ်ဘုတ် ကို အပြောင်းအလဲများ ပြုလုပ်ထားတယ်လို့ ဆိုပြီး မည်သို့ မည်ပုံ ဆိုတာကို
တော့ ထုတ်ဖေါ် ပြောသွားခြင်း မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ အပါတ်က မြန်မာနိုင်ငံ အတွင်းရှိမြို့ ပြ အဖွဲ့ အစည်း ခြောက်ဖွဲ့က ဖေ့စ်ဘုတ်
အနေဖြင့် ဇူကာဘတ် ပြောခဲ့သလို လုံလောက်သည့် အဟန့်အတားများ ပြုလုပ်ခဲ့
ခြင်း မရှိဟု ဆိုကာ ၎င်းထံ အိပ်ဖွင့် ပေးစာရေးသားပေးပို့ပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီအတွက် ဇူကာဘတ်က ကိုယ်တိုင်ကိုယ်ကျအီးမေးလ်နဲ့ အကြောင်းပြန်ပြီး တောင်းပန်
စကား ပြောခဲ့ရတဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။

ဖေ့စ်ဘုတ် ရှယ်ယာများလည်း ၄.၅% တက်ပြီးဈေးပိတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
လှစိုးဝေ

ကိုးကား။ ။ Reuters။

No comments:

Post a Comment