မောင်တော ဧပြီ ၂၂
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ရခိုင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော် လွင်၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင် ကျော်ဇံတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမှ အငူမော်-မောင်တောလမ်း အတိုင်း မော်တော်ယာဉ်ဖြင့် မောင်တောမြို့သို့ ရောက်ရှိပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မောင်တောဒေသ ပြန်လည် တည်ဆောက်ရေးကုမ္ပဏီများနှင့် တွေ့ဆုံသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်တော-တောင်ပြိုလက်ဝဲ မြို့ ကားလမ်းပေါ်ရှိ ပြူးမချောင်းနေရာနှင့် ငါးခူရ-ကြိမ်ချောင်း- တောင်ပြို လက်ဝဲ- ကြိမ်ချောင်း- ဗန္ဓုလလမ်းအား ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရလက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းရှင်းလင်းဆောင်တွင် သိရှိလိုသည်များအား မေးမြန်းကြရာ စခန်းတာဝန်ရှိသူအဆင့်ဆင့်တို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင် ပြန်လည်နေရာချထား ရေးစခန်းသို့ရောက်ရှိကြပြီး စခန်းအဝင်လမ်းဆောင်ရွက်ရေး၊ အဆောက်အအုံ များ ခိုင်ခံ့စေရေး၊ စခန်းအတွင်း လမ်းဘေး ဝဲ၊ ယာ ရေမြောင်းနှင့် သြထ ဃကူလနမအ များ ပြန်လည်ပြုပြင်ရေး၊ မိုးရာသီရေမမြုပ်စေရေး ၊ မြစ်ရေမဝင်ရန် နှင့် မြစ်ရေတားဆီးရန်၊ တာတမံနှင့် ဆက်စပ်အဆောက်အအုံများဆောက် လုပ်ရေး စသည့်လုပ်ငန်းအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment