Latest News

Thursday, April 26, 2018

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦး၏ နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ကြားနာ

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦး၏
နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ကြားနာ

ရန်ကုန်   ဧပြီ    ၂၅

မြန်မာနိုင်ငံအစိုးရ    လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခြင်းခံထားရသော  ရန်ကုန်အခြေစိုက်ရိုက်တာသတင်းဌာနမှ   သတင်းထောက်   သက်ဦးမောင်(ခ) ဝလုံးနှင့်     ကျော်စိုးဦး(ခ)မိုးအောင်တို့ နှစ်ဦး ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့     ရုံးထုတ် ရောက်ရှိခဲ့သည်။   အမှုနှင့်ပတ်သက်၍          ဒုတိယခရိုင်တရားသူကြီး    ဦးရဲလွင် မှ ယခင်အပတ်က တရားလိုပြသက်သေ ဒုတိယရဲမှူး မိုးရန်နိုင် သက်သေထွက်ဆို ချက်အပေါ်  အမှုလိုက်ဥပဒေ  အရာရှိက မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန်      လျှောက်ထားသည့် အကြောင်းအရာကိစ္စနှင့်  နှစ်ဖက်ရှေ့နေ များ၏     ကျယ်ကျယ်ပြန့်ပြန့်လျှောက်လဲ ချက်အပေါ်    ကြားနာခြင်းဖြစ်ကြောင်း  အဆိုပါတရားရုံးမှ သိရသည်။

မြောက်ပိုင်းခရိုင်တရားရုံး    သတင်း နှင့်   ပြန်ကြားရေးအရာရှိ    ဒုတိယခရိုင် တရားသူကြီး ဒေါ်စုစန္ဒာဝင်းက'' ဒီကနေ့ မြောက်ပိုင်းခရိုင် တရားရုံး  ၂ဝ၁၈ ခုနှစ် ရာဇဝတ်ကြီးအမှုအမှတ်  ၄  တရားလို ဒုတိယရဲမှူးကြီး  ယုနိုင်၊  တရားခံ သက်ဦး မောင်(ခ)ဝလုံး  ပါ-၂  မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ) အရ စွဲဆိုမှုဟာ ယခင်အပတ်လျှောက် ထားတဲ့    သက်သေခံအက်ဥပဒေပုဒ်မ  ၁၅၅(၃)အရ       မယုံကြည်ထိုက်သော သက်သေအဖြစ်      ကြေညာခွင့်ပြုပေးရန် ဆိုပြီး  တရားလိုပြသက်သေ   ဒုတိယရဲမှူး မိုးရန်နိုင်အပေါ်  လျှောက်ထားတာနဲ့ ပတ် သက်လို့  နှစ်ဖက်ရှေ့နေများ  ကျယ်ကျယ် ပြန့်ပြန့်  လျှောက်လဲချက်ကို  ကြားနာခဲ့ တာပါ၊  နောက်အပတ်ရုံးချိန်းမှာ  အမိန့်ချ ဖို့အတွက်    မေ   ၂   ရက်    ဗုဒ္ဓဟူးနေ့ကိုပဲ ထပ်မံချိန်းဆိုလိုက်ပါတယ်၊   အဲဒီနေ့ မှာ ဒုတိယရဲမှူးး  မိုးရန်နိုင်ကို     တစ်ပါတည်း ခေါ်ဆောင်လာဖို့  ညွှန်ကြားလိုက်တာ  ရှိ ပါတယ်၊   အမှုကခုချိန်ထိ    ရုံးချိန်းပေါင်း  ၁၅  ချိန်းရှိသွားပါပြီ''ဟု ပြောသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)မြန်​မာ့အလင်း

No comments:

Post a Comment