Latest News

Thursday, April 26, 2018

မြဝတီ-ကော့ကရိတ်ကားလမ်း လှိုင်ဝတံတားအနီးမှ လိုင်စင်မဲ့ယာဉ် (၄)စီးသိမ်းဆည်းရမိ

မြဝတီ-ကော့ကရိတ်ကားလမ်း လှိုင်ဝတံတားအနီးမှ လိုင်စင်မဲ့ယာဉ် (၄)စီးသိမ်းဆည်းရမိ

ကော့ကရိတ် ဧပြီ ၂၆

ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ကော့ကရိတ်မြို့နယ်၊မြဝတီ-ကော့ကရိတ် ကားလမ်း လှိုင်ဝစစ်ဆေးရေးဂိတ်တွင်ရဲအုပ်လှိုင်ဘွားဦးစီးသည့် ပူးပေါင်းအဖွဲ့များဖြင့် ဧပြီလ ၂၆ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင်  ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လှိုင်ဝတံတားအနီး မော်တော်ယာဉ်(၄)စီးမှာ အချိန်ကြာမြင့်စွာရပ်ထားကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာမှ 2K/--------နံပါတ်တပ်၊ ISISအမျိုးအစား၊ အဖြူရောင်၊ 3K/----နံပါတ်တပ်၊ ISISအမျိုးအစားအဖြူရောင်၊1J/----- နံပါတ်တပ်၊ ဟိုဂျက်အမျိုးအစား၊ အဖြူရောင်၊5D/-----နံပါတ်တပ်၊ ဟွန်ဒါဖစ်အမျိုးအစား၊ ခဲပုတ်ရောင်ယာဉ် လေးစီးတို့ကို ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများတစ်စုံတစ်ရာမတွေ့ရှိဘဲ သော့တန်းလန်းဖြင့်ရပ်ထား သည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

   ထို့ကြောင့် ပူးပေါင်းအဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အဆိုပါမော်တော်ယာဉ်(၄)စီးအားသက်သေများရှေ့တွင် ပိုင်ရှင်မဲ့သိမ်း ဆည်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment