Latest News

Sunday, April 29, 2018

နိုင်ငံရေးအပေါ်ဘယ်တော့မှ သစ္စာမဖေါက်ဘူးဆိုတာ အားလုံးကိုပြောလိုက်ပါ(ဦးစိန်လှိုင် ပခုက္ကူ )

ကျွန်တော်က RIT ကျောင်းသား ကျွန်းဆွယ်အရေးတော်ပုံဖြစ်တော့ ဒုတိယနှစ်ကျောင်းသား အဲဒီမှာ ထောင် (၃) နှစ်ကျခဲ့ရာက ကျောင်းသားဘဝစွန့်လွှတ်ခဲ့ရ အဲဒါနိုင်ငံရေးရဲ့ ပထမအစပေါ့ ။ ကျွန်တော်လေ မှတ်ဥာဏ်တွေ မကောင်းတော့ဘူး အထူးသဖြင့်နံမည်တွေမေ့တာ တောင်းပန်ပါတယ်ဗျာ အဲဒါတော့နားလည်ပေးကြပါ။
မကွေးတိုင်းတာဝန်ခံအဖြစ်လုပ်ခဲ့ရတာတွေ မမေ့ပါဘူး ဗိုလ်ကြီးလို့ပြောလိုက်ရင်တော့ ဦးဟံဇော် ကိုသတိရတယ် ။
ဦးမြင့်သိန်းဆုံးတာသိတာပေါ့
ဦးခင်ဝင်း ကပြောတာလည်းသတိရတယ် ။ ဒေါ်စန္ဒာတို့ မဌေးတို့ သတိရပါတယ် ။ ခုလိုတွေ့ရတာ တအားဝမ်းသာတယ်အခုလား တရားမှတ်တာ လုပ်ဖြစ်တယ် ကောင်းတယ် တော်တော်ကောင်းတယ်ဆိုတာ သဘောပေါက်တယ် ။ ဆယ်မိုင်ကုန်းဆိုတာ ဦးကိုလေးတို့ ဒေါ်ခင်သန်းလှ တို့အိမ် စားခဲ့သောက်ခဲ့နေခဲ့ရတာ သတိရပါသည်ကောလေ ။ ကျေးဇူးနော်ကျေးဇူးတင်ပါတယ် ညီမနဲ့နေတာလေ မောင်နှမနှစ်ယောက်ပေါ့ သူချက်ကျွေးတာလေးစား ဘာမှမလိုပါဘူးလေ ။ အလုပ်ကတော့ဘာမှ မလုပ်ဖြစ်တော့ပါဘူး အသက်ကလည်း ဆယ်ဗင်တီဖိုး ဆိုတော့လေ ညီမက ပင်စင်လေးရတာရှိပါတယ် ။ 
အသက်တော့ရှည်ချင်တယ် နိုင်ငံရေးအပေါ်ဘယ်တော့မှ သစ္စာမဖေါက်ဘူးဆိုတာ အားလုံးကိုပြောလိုက်ပါ ။
အားလုံး အားလုံး တိုင်းပြည်အတွက်အဖက်ဖက်က ဆောင်ရွက်နိုင်ကြပါစေဗျား။
( ဦးစိန်လှိုင် ပခုက္ကူ အား ဂါရဝပြုစဉ်ပြောကြားချက်များမှ )
https://www.facebook.com/photo.php?fbid=615205568824622&set=a.124398877905296.1073741828.100010055529455&type=3&theater

No comments:

Post a Comment