Latest News

Sunday, April 15, 2018

လိပ်-ကန် တို့ ထင်သလို မဖြစ်ခဲ့သော ဆီရီယား.စစ်ရေး စွန့်စားမှုကြီး


လူ သန်းပေါင်းများစွာ အိုးအိမ် စွန့် ခွာ ထွက်ပြေးရခြင်း၊ စည်ပိုင်း ပုံး ဟု ခေါ်သော လူပေါင်း
များစွာ ထိခိုက်နိုင်သည့် ဗုံးများ ကြဲချခြင်း၊၊ လေကြောင်းမှ အရပ်ဖက် ပြစ်မှတ်များကို တိုက်ခိုက်
ခြင်း များ နှင့် မြို့ များကို ၀ိုင်းရံ ပိတ်ဆို့၍ လူသိန်းထောင်ချီ၍ အငတ်ဘေး ဆိုက်စေခြင်း
များကို အနောက်အုပ်စုက လားလားမျ အမှုထားရ ကောင်းမှန်း မသိသော်လည်း ဓါတု
လက်နက် သုံးသည် ဆိုကာ ဆီရီယား နိုင်ငံတွင်း ရှိ ပြစ်မှတ်များကို လိပ်- ကန်- ပြင်သစ်
တို့ က ၎င်းတို့ ၏ နောက်ဆုံးပေါ် ပဲ့ထိန်းတပ် ဒုံးကျည်များသုံးကာ ပြစ်ခတ်တိုက်ခိုက်ခဲ့ကြပေသည်။

(Barrel bomb ဟု ခေါ်သော စည်ပိုင်းပုံ ရှိ ပုံးထဲတွင် လောင်စာဆီများ၊ ပေါက်ကွဲစေတတ်
သော ပစ္စည်းများနှင့် သတ္တု အပိုင်းအစများကိုထည့်သွင်းထားသဖြင့် အထူး ပြင်းထန်လှပေ
သည်)

One+time shot ဟု ဆိုငာာ ၇ မိနစ် အတွင်းဒုံးကျည် အစင်းရေ ၁၀၀ ကျေ်ခန့် နှင့် ဆီရီယား
စခန်း သုံးခုကို မညှာမတာ ပြစ်ခတ်ပြီးနောက်ဒေါ်နယ် ထရန့် က Mission Accomplished
ဟု tweer လုပ်ကာအိပ်ယာ ၀င်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဆီရီယား ပြည်သူများ အတွက် ၎င်းတို့တိုက်ခိုက်မှုကြောင့် မည်သို့မျ ရှေ့ လျောက်
အကျိုး ဖြစ်ထွန်းလာဖွယ် မရှိသော်လည်း၎င်းတို့ အဖို့ကား လက်နက် အသစ် အစမ်းများ
စမ်းသပ်ခွင့် ရခဲ့ပြီး အရှေ့ အလယ်ပိုင်းတွင်ရုရှား တို့ ကြောင့် ဘုံပျောက်မတတ် ဖြစ်နေ
ရသော အနေအထားကို ပြန်လည်တည်ဆောက်ရန် အတင်းကာရော ကြိုးပမ်းခဲ့ကြ
သည့် လုပ်ရပ်ထက် မပိုပေ။

အများ ယူဆကြသလို ရုရှားက မည်သို့မျ တုန့်ပြန်ချင်း မရှိ။ တုန့် ပြန်စရာလည်း မလိုပေ။
ပြစ်ခတ်မှုများ မစတင်မီ တနာရီ အလိုခန့်လောက်ကပင် ဆီရီးယားရှိ ရုရှား တပ်များအား
လက်ရှိ deconflicting channel မှ ကြိုတင် အကြောင်းကြားထား
ခဲ့ပြီး ဖြစ်သောကြောင့်ပင်။ သို့သော် တိုက်ခိုက်မည့် အချိန် နှင့် နေရာများကိုမူ အကြောင်း
ကြားရာတွင် ပါရှိခြင်း မရှိခဲ့ပေ။

ရုရှား ကလည်း ဗြိတိန် မှ ၎င်းတို့ နိုင်ငံ အတွင်းရှိ သူလျို သားအဖ နှစ်ဦး အဆိပ်ခတ် အသတ်
ခံရမှု အား ရုရှား စနက် မကင်းဟုဆိုကာအညိုး ထားပြီး ယခုလို တိုက်ခိုက်မှု ဖြစ်လာ
စေရေး ဆီရီယား နိုင်ငံ အတွင်းရှိ ၎င်းတို့ သူလျို များ က ဖန်တီးခဲ့ကြခြင်း ဖြစ်တယ်လို့
တုန့်ုပြန်လာခဲ့သည်။

နိုင်ငံတကာ ဓါတုလက်နက် ပိတ်ပင်ရေး အဖွဲ့မှ က္ဈမ်းကျင်သူများ မှ အမေရိကန်တို့ ၏ စွပ်
စွဲချက်ကို စစ်ဆေးရန် ရောက်ရှိ မလာမီ အခုလိုစတင် တိုက်ခိုက်ခဲ့ကြခြင်းဟု ရုရှားဖက်က
ပြောဆိုခဲ့သည်။

အမေရိကန် နှင့် မဟာမိတ်များအဖို့မျက်နှာ ပျက်စရာ ဖြစ်ခဲ့ရပြန်သည်။ ၎င်းတို့
အားအကိုးဆုံး နောက်ဆုံးပေါ် ကရုစ် ဒုံးကျည်၇၁ စီးကို ဆီရီးယား လေကြောင်းကာကွယ်
ရေးအရ ပြစ်ချနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ အမေရိကန် တို့ ဖက် က စုစုပေါင်း Tomahawk ဒုံးကျည် ၁၁၀ ပြစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ရုရှား နိုင်ငံ အတွင်း ထရန့် ပုံတူ အရုပ်များကိုမီးရှို့ ခြင်း နဲ့ ဒမတ်စကပ် လမ်းများပေါ်တွင်
နိုင်ငံကြီး များ ဗုံးကြဲနေသည်ကိုပင် လက်ဆွဲအိတ်ကလေး ဆွဲကာ ရုံးတက်လာသော
အာဆတ် အား ထောက်ခံသူများနဲ ပြည့် နှက်သွားခဲ့ပေသည်။

"ကျုပ် အဖို့ ညက အိပ်ရေးတောင် မပျက်ခဲ့ပါဖူး ဒါက ဗရုတ်သုက္ခ ဟာသ ပြဇတ် တပုဒ်
ထက် မပိုပါဖူး" ဟု လန်ဒန်ထုတ် ဂါဒီယန်းသတင်းစာ ကို အာဆတ် က ပြောခဲ့ပေသည်။

သို့သော် ကုလ အတွင်းရေးမူး ချုပ်ကျေတာ့ထိုသို့ ရှု့ မြင်ခဲ့ခြင်း မရှိပေ။ ၎င်းတို့အဖွဲ့ အစည်း
ကြီးသည် ယခုအခါ အင်ဂျီအို သာသာမျ ဘ၀ကို ကျရောက်နေရပြီ ဖြစ်သော်လည်း ထို
တိုက်ခိုက်မှုသည် စစ်အေးတိုက်ပွဲကြီး အညိုးကြီးစွာ ဖြင့် ပြန်လည် ဖြစ်ပေါ်လာပြီဟု
ပြောဆိုသွားခဲ့ပေသည်။

ယခုကဲ့သို့ အမေရိကန် မှ နိုင်ငံငယ် များအပေါ် စိတ်ထင်သလို တိုက်ခိုက်လာပါက
NGO အဆင့် လောက်သာ ရှိတော့သောကုလသမဂ္ဂ လည်း အားကိုးမရတော့တဲ့
အတွက် မည်သို့ လုပ်ကြရမည်နည်းဟုမေးခွန်း ထုတ်စရာများသာ ပေါ်ပေါက်လာ
ခဲ့ရတဲ့ အမေရိကန်၏ စစ်ရေး စွန့်စားမှု တခုသာ ဖြစ်ပေတော့သည်။
လှစိုးဝေ

No comments:

Post a Comment