Latest News

Tuesday, April 10, 2018

မုံရွာမြို့တွင် မော်တော်ဆိုင်ကယ်ဆူညံအိတ်ဇောများ လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး

မုံရွာမြို့တွင် မော်တော်ဆိုင်ကယ်ဆူညံအိတ်ဇောများ
လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး

မုံရွာ   ဧပြီ   ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့   မြို့မ ရဲစခန်းဝင်းအတွင်းရှိ   လမ်းမပေါ်တွင်  မော်တော်ဆိုင်ကယ် ဆူညံအိတ်ဇောများ အားလမ်းကြိတ်စက်ယာဉ်ဖြင့်  ဖျက်ဆီး ခြင်းကို  ဧပြီလပထမပတ်က  ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦး၊    တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ ခရိုင် ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး သန်းဝင်း၊  အမှတ်(၁၇)ယာဉ်ထိန်းရဲ   ဒုတိယတပ်ဖွဲ့ခွဲ (စစ်ကိုင်း) တပ်ဖွဲ့ခွဲမှူးနှင့် တပ်ဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသူများ   တက်ရောက်ခဲ့ ကြောင်း  သိရသည်။

 ''ခုဖျက်ဆီးပွဲမှာပါတဲ့     ဆူညံ အိတ်ဇောတွေက မတ်လ ၃၁ ရက်အထိ   ဖမ်းဆီးခဲ့တာတွေပါ၊ သင်္ကြန်ပြီးတဲ့အထိ ကို  ဆက်ပြီးတော့  လုပ်ဆောင်မှာပါ၊  ဖမ်းဆီးမိတဲ့     ဆူညံ အိတ်ဇောတပ် ဆိုင်ကယ်တွေကို   တရားရင်ဆိုင်ပြီးရင် ပုံမှန်အိတ်ဇောတစ်ခုယူလာပြီး ပြန်လည် ထုတ်ယူနိုင်ပါတယ်၊    သင်္ကြန်ကာလ အတွင်းမှာ   ဖမ်းဆီးမိတဲ့  ဆိုင်ကယ်တွေ ကတော့   သင်္ကြန်ပြီးလို့  ပုံမှန်ရုံးဖွင့်ရက် ရောက်ပြီး တရားရင်ဆိုင်ပြီးရင်  ပြန်လည်  ထုတ်ပေးသွားမှာပါ၊    အဲဒီက   ဆူညံ အိတ်ဇောတွေကို  အခုလိုပဲ   ဖျက်ဆီးပွဲ ထပ်လုပ်ဦးမှာပါ၊   အခုလို   ဖမ်းဆီးလိုက် တဲ့အတွက်    မုံရွာမြို့အတွင်းမှာ ဆူညံ အိတ်ဇောမောင်းတဲ့     ဆိုင်ကယ်တွေ နည်းသွားပါပြီ''ဟု    အမှတ်  ၁၁၁   ယာဉ်ထိန်းရဲတပ်ဖွဲ့စု      (မုံရွာမြို့)မှ တပ်ဖွဲ့စုမှူး    ဒုတိယရဲမှူး  ဇော်ဝင်းနိုင်က ပြောသည်။

ယနေ့ကျင်းပသော ဆူညံအိတ်ဇော များဖျက်ဆီးပွဲတွင် ဖေဖော်ဝါရီ ၁၅ ရက် မှ မတ် ၃၁ ရက်အထိ ဖမ်းဆီးရမိခဲ့သော ဆူညံအိတ်ဇော ၂၂၅ ခုအား လမ်းကြိတ် စက်ဖြင့်   နင်းချေ ဖျက်ဆီးခဲ့ကြောင်း  သိရသည်။  
       
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment