Latest News

Saturday, April 28, 2018

မိုးရာသီကာလ ရေဘေးအန္တရာယ် ကာကွယ်ရန်အတွက် တာတမံများ အချိန်မီတည်ဆောက်ပြီးစီး

မိုးရာသီကာလ ရေဘေးအန္တရာယ် ကာကွယ်ရန်အတွက် တာတမံများ အချိန်မီတည်ဆောက်ပြီးစီး

မအူပင်  ဧပြီ  ၂၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင် မြို့သည် ဧရာဝတီမြစ်-တိုးမြစ်နှင့် ပန်တ ပွတ်မြစ်တို့ ဝန်းရံလျက်ရှိသော မအူပင် ကျွန်းပေါ်တွင် တည်ရှိသည့် မြို့နယ်ဖြစ် သည်။

မအူပင်မြို့နယ်အတွင်းရှိ တာတမံ များ ကာလာကြာရှည်မှုကြောင့်  သဘာဝ  ဘေးအန္တရာယ် ကာကွယ်နိုင်ရန် တာကြံ့ ခိုင်မှု မရှိသဖြင့် မအူပင်တံတားအထက် ပိုင်း တလုပ်လပ်အနောက်ကျေးရွာအနီး  တိုးမြစ်အရှေ့ဘက်ကမ်းတွင် သဲသောင် များ ကျယ်ပြန့်စွာ ပို့ချလာသည့်အတွက်  မြစ်အနောက်ဘက်ကမ်းတွင်  မြစ်ရေ တိုက်စားပြီး  ကမ်းပြို၊  ကမ်းစားမှုများ ဖြစ်ပေါ်လာသဖြင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ လအတွင်း တိုးမြစ်အနောက်ဘက်ကမ်း  တည်ဆောက်ကာကွယ်ထားသည့် တာ တမံ အလျား ပေ  ၂ဝဝ  ခန့်  မြစ်ရေ တိုက်စားမှုနှင့်အတူ ထိခိုက်ပျက်စီးခဲ့ရ သည်။   လာမည့် မိုးရာသီကာလတွင်  မြစ်ရေတိုက်စားမှုခံရပါက တာတမံကြိုး ပေါက်ပြီး ပြည်သူများ သဘာဝရေဘေး အန္တရာယ်  မဖြစ်စေရန်အတွက်  မူလ တာတမံ၏နောက်မှ နောက်ထပ်တာတမံ  ပန်းတာအသစ်တစ်ခုနှင့်    ဖြတ်တာ ခြောက်ခု စုစုပေါင်း တာတမံ ခုနစ်ခုကို မိုးရာသီမရောက်ခင် ရေဘေးအန္တရာယ် ကာကွယ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ခရိုင်ဆည်မြောင်းနှင့်    ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန   လက်ထောက် ညွှန်ကြားရေးမှူး ဦးတိတ်အေး၏ ပြော ကြားချက်အရ သိရသည်။

ထိုကဲ့သို့  တာတမံများ  အချိန်မီ ပြီးအောင် ကြိုးစားတည်ဆောက်ပေးခဲ့မှု ကြောင့် လာမည့်မိုးရာသီကာလ တိုးမြစ် ရေမြင့်တက်ချိန်တွင်  မြို့နယ်အတွင်းရှိ  ပြည်သူများအတွက်  ရေဘေးအန္တရာယ် ကျရောက်မှုမှ     ကာကွယ်ပေးနိုင်ပြီး  စိုက်ပျိုးရေရရှိရန် ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ရာ ပြည်သူများအတွက် များစွာအကျိုး ပြုမည်ဖြစ်ကြောင်း သိရသည်။

အောင်ခိုင် (မအူပင်)၊ ဝဠာနိုင် (ညောင်တုန်း)မြန်​မာ့အလင်း

No comments:

Post a Comment