Latest News

Thursday, April 5, 2018

မြန်မာအရေးကြောင့် ဖေ့ဘုတ်စ်ပါ ဒုက္ခရောက်ရရှာပြီ


မိမိ တမြန်နေ့က ရေးတင်ခဲ့သော ပို့စ် ဖြစ်သည့်ဖေ့ဘုတ်၏ အမှုဆောင် အရာရှိ ချုပ် မိုက် ဇူကာ
ဘတ် နှင့် VOX သတင်း ၀က်ဆိုဒ် တို့ တွေ့ ဆုံမေးမြန်းခန်းနှင့် ပါတ်သက်၍ နောက်ဆက်တွဲ
သတင်းများ ထပ်မံ ထွက်ပေါ်လာပါတယ်။

အဆိုပါ တွေ့ ဆုံ မေးမြန်းခန်းတွင် မြန်မာပြည်အတွင်း ဖြစ်ပွားခဲ့သော ၎င်းတို့အဆို "လူမျိုးရေး
သန့်စင်မှု" အတွက် မေးမြန်းရာမှာလူမျိုးရေး လှုံ့ဆော်သည့် သဘော ပါဝင်သော ပို့စ်များကို ဖယ်ရှားပြစ်နိုင်
ရေး အတွက် အထူးဦးစားပေးပြီး လုပ်ဆောင်ခဲ့တယ်လို့ ဇူကာဘတ်က ပြောခဲ့ပါတယ်။

သို့သော် တွေ့ဆုံမေးမြန်းသူ၏ မည်သို့ မည်ပုံ ဆိုသော က္ဈမ်းကျင်လိမ္မာ
သော မေးခွန်းများအောက်တွင် ဇူကားဘတ်တယောက် နှုတ်က္ဈံ ပြီး ၀န်ခံမိလျက်သား ဖြစ်
သွားရတာကတော့မက်ဆင်ဂျာ ချက်ဘောက်ရှိ ပုဂ္ဂိုလ်ရေး မက်
ဆေ့များကို ပါ scan လုပ်ခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။

၎င်း၏ ၀န်ခံချက်ကြောင့် ကုမ္ပဏီ အနေနဲ့ မြန်မာသာမက အားလုံးကိုပင် scan လုပ်နေသ
လောဟု စိုးရိမ်မကင်း မှုတွေ ဖြစ်လာခဲ့ရပါတယ်။ ယခုအခါ ဖေ့ဘုတ်ပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီးက Bloomberg သတင်းဌာန ကို အတည်ပြု ပြောကြားခဲ့ရာမှာ အားလုံး စိုးရိမ်ခဲ့သည့်အတိုင်း
သုံးစွဲသူများအားလုံး၏ပရိုက်ဗိတ် ချက်ဘောက်များကိုscan လုပ်ပြီး ၎င်းတို့ ထုတ်ပြန်ထားသော
စည်းကမ်းချက်များ ကို လိုက်နာခြင်း မရှိကဘလော့ခ် ပြစ်ရန် ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုသတင်းကို ကြားရသူတိုင်းက မိမိတို့ လုံခြုံမှု ရှိသည်ဟု ယူဆထားသော အတွင်းရေး
ချက်ဘောက်များကို ဖေ့စ်ဘုတ်က လေ့လာစောင့်ကြည်နေတယ်ဆိုပြီး တုန်လှုပ်ကုန်ကြပါ
တယ်။

နောက်အပါတ်ထဲတွင် ဇူကာဘတ်အား အမေရိကန် ကွန်ဂရက် ရှေ့ မှောက်တွင် အစစ်ခံရန်
ခေါ်ထားပြီး ဖြစ်ပါတယ်။ ထိုသို့ အစစ်ခံရန်စီစဉ်ထားခြင်းသည် ယခုကိစ္စနှင့် မသက်ဆိုင်
ပဲ ရုရှား တို့ ဖေ့ဘုတ်ကို အသုံးပြု ပြီး ၀င်ရောက်စွက်ဖက်ခဲ့မှုကို စစ်ဆေးမေးမြန်းရန်
ယခင်ကတည်းက စီစဉ်ထားခြင်း ဖြစ်ပေမယ့်အခု scan လုပ်တဲ့ကိစ္စ ပေါ်ပေါက်လာတဲ့
အတွက် ကြိမ်းသေပေါက် မေးမြန်းလာဖို့ ရှိနေပါတယ်။
လှစိုးဝေ

No comments:

Post a Comment