နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပါပြီ။ ခေတ်ဟောင်း စနစ် ဟောင်းမှသည် ခေတ်သစ် စနစ်သစ်ကိုလည်း ပြောင်းလဲခဲ့ပါပြီ။ မိမိတို့အနေဖြင့် ခေတ်စနစ်နှင့် မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နေသလို ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ ဥပဒေတွေ၊ ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးမယ့် ဥပဒေ တွေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု ဖြည့်စွမ်းပေး နိုင်မယ့် ဥပဒေတွေကိုလည်း လွှတ်တော်က ဆက်လက်ပြဋ္ဌာန်း သွားမှာ ဖြစ်ပါတယ်။ ပြည်သူများမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကိုလည်း ကိုယ်စွမ်းÓဏ်စွမ်းရှိသရွေ့ အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ပြည်သူ ပြည်သားများအနေနဲ့လည်း မိမိတို့လွှတ်တော် နှင့်အတူ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ မှာ ပူးပေါင်းပါဝင်နိုင်ကြပါစေ၊ အခြေခံလူ့အခွင့်အရေးများ ကိုလည်း ခံစားနိုင်ကြပါစေ၊ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းမှုရဲ့ အသီးအပွင့်များကိုလည်း ခံစားနိုင်ကြပါစေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ¶ဖြိုး တိုးတက်ပါစေ၊ နိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ် ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်
No comments:
Post a Comment