Latest News

Saturday, April 7, 2018

ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ သင်္ကြံန်အတွက် ထီးအလက်ငါးရာ အလှဆင်ထား

ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ သင်္ကြံန်အတွက် ထီးအလက်ငါးရာ အလှဆင်ထား

ရန်ကုန်   ဧပြီ    ၇

၁၃၇၉ ခုနှစ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွင်း  အများပြည်သူ ပျော်ရွှင်အေးချမ်းစွာ အနားယူနိုင်စေရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ အင်းလျားကန်ပေါင်၌ ထီးအလက် ငါးရာတပ်ဆင်ထားကြောင်း သိရသည်။

ဧပြီ ၂ဝ ရက်အထိ

''ကန်ပေါင်အနီးမှာ ရေကစားမဏ္ဍပ်ကြီးတစ်ခုရှိပါမယ်၊ ပြည်သူတွေရေကစားပြီး အရိပ်ထဲ မှာ အနားယူနိုင်ဖို့စီစဉ်ထားတာပါ၊ ဒီလိုဆောင်ရွက်ထားတာ ပထမဆုံးအကြိမ်ပါ၊ ဒီထီးတွေကို ဧပြီ ၂ဝ ရက်အထိ   တပ်ဆင်သွားမှာပါ''ဟု   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အင်းလျားကန်ပေါင်တာဝန်ခံ ဦးဇော်ဝင်းထွန်းက ပြောသည်။

အလှဓာတ်ပုံရိုက်ကူး

လက်ရှိတွင် အဆိုပါ ထီးများတပ်ဆင်ထားသည့်နေရာ၌ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များနှင့် အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိပြီး အလှဓာတ်ပုံများ ရိုက်ကူးနေ ကြသည်ကို တွေ့ရသည်။                

သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-ခင်မောင်ဝင်း(​ကြေးမှုံ)

No comments:

Post a Comment