Latest News

Monday, April 30, 2018

ပုဏ္ဏားကျွန်းမြို့နယ်၌ ဗုဒ္ဓခြေရာတော်တွေ့ရှိ

ပုဏ္ဏားကျွန်းမြို့နယ်၌ ဗုဒ္ဓခြေရာတော်တွေ့ရှိ

ပုဏ္ဏားကျွန်း   ဧပြီ ၃၀

      ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ    ခမီတိုင်းရင်းသားများနေထိုင်တဲ့ သက်ကျိုင်းတောင်ကျေးရွာအနီး  သက္ကိုင်းတောင်ထိပ်တွင်ဧပြီလဆန်းပိုင်းကဗုဒ္ဓ၏ခြေရာတော်တွေ့ရှိ
ခဲ့ကြောင်း  ဒေသခံရွာသားများထံမှသိရသည်။

          "ခြေရာတော်ကို ရွာသူ/သားများထင်းခုတ်သွားရာမှာတွေ့ရှိခဲ့ကြပြီး  ဗုဒ္ဓခြေရာတော်မှာ ရသေ့တောင်မြို့နယ်ရှိမစဲကျွန်းခြေရာတော်နှင့် ဆင်တူအရွယ်အစားအားဖြင့် အလျား(၄၉)လက္မl အနံ(၂၇)လက္မရှိသော   မြတ်ဗုဒ္ဓ၏ ဝဲဘက်ခြေရာတော်ဖြစ် ကြောင်း"သက်ကျိုင်းကျေးရွာ အုပ်ချုပ်ရေး မှူး ဦးနီနီ ကပြောသည်။

         ယခုအခါ ထိုခြေရာအား ခမီတိုင်းရင်းသား ဆရာတော်ကြီး ဘဒ္ဒန္တအရှင်ဝိသုတ(စစ်တွေ)ကဦးဆောင်၍  ဗုဒ္ဓဘာသာဝင်ပြည်သူများ သက်တောင့်သက်သာ ဖူးမြော်နိုင်ရန်   တောင်တက်လမ်း တစ်
လျောက်ရှိ လှေကားများကို  စေတနာရှင်များ၏လှူဒါန်းငွေဖြင့်  ရွာသူ/ရွာသားများက  ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိပြီး ဘုရားဖူးပြည်သူများ  နားခိုနေထိုင်ရန် ဘုရားဓမ္မာရုံတစ်ခု တည်ဆောက်ပြီးစီးရေးအတွက် စဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

         ဗုဒ္ဓခြေရာတော်အား အလွယ်တကူ ဖူးမြော်ကြည်ညိုလိုသူများ အတွက်   လမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံရေးကိစ္စကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူတို့ပူပေါင်း၍ ဝိုင်းဝန်းကူညီပေး
လျက်ရှိရာ ဘုရားဖူးလေ့လာရေးခရီးသည်များ လာရောက်လေ့လာ နေကြကြောင်းသိရှိရသည်။

                            နီထွန်းအောင်(ပြန်/ဆက်)

No comments:

Post a Comment