Latest News

Tuesday, April 17, 2018

၂ဝ၁၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်းမှုခင်းဖြစ်ပွားမှု

၂ဝ၁၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်းမှုခင်းဖြစ်ပွားမှု


နေပြည်တော်    ဧပြီ   ၁၇

၂ဝ၁၈  ခုနှစ်၊  မဟာသင်္ကြန်အကြိုနေ့မှ စတင်၍ မဟာသင်္ကြန်အတက်နေ့အထိ သင်္ကြန်ကာလအတွင်း    ရေပက်ကစား လည်ပတ်ကြရာမှ   မူးယစ်သောက်စား အပျော်လွန်ကျူးမှု၊    ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ အစအနောက် လွန်ကျူးရာမှ ခိုက်ရန်ဖြစ်ပွားမှုအပါအဝင် မှုခင်းဖြစ်ပွား မှုများအနေဖြင့်      နေပြည်တော်တွင် လူသတ်မှု     တစ်မှု     (တစ်ဦးသေဆုံး)၊ ခါးပိုက်နှိုက်မှု လေးမှု၊ ခိုးမှု တစ်မှု၊ ယာဉ် တိုက်မှုတစ်မှု (တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ)၊    ရေနစ်သေဆုံးမှု     တစ်မှု (တစ်ဦးသေဆုံး)၊  ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု နှစ်မှု  (သုံးဦးသေဆုံး)၊ ခိုက်ရန် ဖြစ်ပွားမှုတစ်မှု (နှစ်ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု တစ်မှု (သုံးဦးသေဆုံး)၊ ကရင်ပြည်နယ်တွင်  ယာဉ်တိုက်မှု  တစ်မှု (တစ်ဦးဒဏ်ရာရ)၊ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ယာဉ်တိမ်းမှောက်မှု တစ်မှု (၃ဝ ဒဏ်ရာရ)၊   ခိုက်ရန်ဖြစ်ပွားမှု    လေးမှု (ခုနစ်ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု နှစ်မှု (နှစ်ဦးသေဆုံး)၊   တနင်္သာရီတိုင်းဒေသ ကြီးတွင်    လူသတ်မှုတစ်မှု    (တစ်ဦး သေဆုံး)၊  ယာဉ်တိုက်မှု   တစ်မှု   (တစ်ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု နှစ်မှု (သုံးဦး ဒဏ်ရာရ)၊     ပဲခူးတိုင်းဒေသကြီးတွင် လူသတ်မှု သုံးမှု (သုံးဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ)၊ ယာဉ်တိုက်မှု တစ်မှု (နှစ်ဦး ဒဏ်ရာရ)၊    ခိုက်ရန်ဖြစ်ပွားမှု    တစ်မှု (တစ်ဦးဒဏ်ရာရ)၊ မကွေးတိုင်းဒေသကြီး တွင် လူသတ်မှု တစ်မှု (တစ်ဦးသေဆုံး)၊ ယာဉ်တိုက်မှု သုံးမှု (လေးဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု ကိုးမှု (၁၈ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှု တစ်မှု (တစ်ဦးသေဆုံး)၊ မ္တလေးတိုင်းဒေသကြီးတွင်    လူသတ်မှု နှစ်မှု   (နှစ်ဦးသေဆုံး)၊   ခိုးမှု   တစ်မှု၊ ယာဉ်တိုက်မှု နှစ်မှု (နှစ်ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၁၁ မှု (၁၄ ဦးဒဏ်ရာရ)၊ မွန်ပြည်နယ်တွင် လူသတ်မှုတစ်မှု (တစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ)၊ ခိုးမှု တစ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု သုံးမှု (၁ဝ ဦးဒဏ်ရာရ)၊ ရခိုင်ပြည်နယ်တွင်  ယာဉ်တိုက်မှု  နှစ်မှု (လေးဦးဒဏ်ရာရ)၊     ရန်ကုန်တိုင်းဒေသ ကြီးတွင်   ယာဉ်တိုက်မှု   နှစ်မှု    (သုံးဦး သေဆုံး၊ ၁ဝ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွား မှု ခုနစ်မှု (ကိုးဦးဒဏ်ရာရ)၊ ရှမ်းပြည်နယ် တွင် ယာဉ်တိုက်မှု တစ်မှု (တစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု နှစ်မှု (နှစ်ဦးဒဏ်ရာရ)၊ ဧရာဝတီတိုင်းဒေသကြီး တွင် ယာဉ်တိုက်မှု တစ်မှု (တစ်ဦးသေဆုံး)၊ ခိုက်ရန်ဖြစ်ပွားမှု လေးမှု (လေးဦးဒဏ်ရာ ရ)၊   ရေနစ်သေဆုံးမှု    တစ်မှု     (တစ်ဦး သေဆုံး)တို့ရှိခဲ့ပြီး  စုစုပေါင်း  လူသတ်မှု ကိုးမှု (ကိုးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာ ရ)၊ ယာဉ်တိုက်မှု ၁၈ မှု (ကိုးဦးသေဆုံး၊ ၆၁ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၄၄ မှု (၇ဝ ဒဏ်ရာရ)၊ ခါးပိုက်နှိုက်မှု လေးမှု၊ ခိုးမှု   သုံးမှု၊   ရေနစ်သေဆုံးမှု   ခြောက်မှု (ရှစ်ဦ သေဆုံး)ရှိခဲ့ကြောင်း       သိရှိရ    သည်။
ဖော်ပြပါသင်္ကြန်နှင့် ပတ်သက်သော ပြစ်မှုများဖြစ်ပွားမှုသည် တိုင်းဒေသကြီး၊ ပြည်နယ်    ၁၃   ခုတွင်သာ    ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး၊    ပြည်နယ်များတွင် သင်္ကြန်နှင့်    ပတ်သက်သော   မှုခင်းများ လျော့နည်းစေရန်အတွက်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အလေးထားထိန်းသိမ်းဆောင် ရွက်နိုင်ခဲ့ကြောင်း၊      သို့သော်သင်္ကြန် ပွဲတော်နှင့်    ပတ်သက်မှုမရှိဘဲ    သီးခြား အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် စုစုပေါင်း  လူသတ်မှု  ၁၃ မှု  (၁၃ ဦး သေဆုံး)၊ ယာဉ်တိုက်မှု ၃၃၂ မှု (၁၂၄ ဦး သေဆုံး၊ ၆၂၉ ဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု ၉၆ မှု (၁၃၁ ဦးဒဏ်ရာရ)၊ ရေနစ်သေဆုံးမှုအပါအဝင် သေမှုသေခင်း ၁၁၈ မှု (၁၂၂ ဦးသေဆုံး)၊ ခိုးမှု ၃၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်       တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကြိုတင်ကာကွယ် မှု   ၁၂၅၄  မှု   အရေးယူ  ဆောင်ရွက်ခဲ့ ကြောင်း၊ ထို့ပြင်သင်္ကြန်ကာလအတွင်း ဘေးအန္တရာယ်ဖြစ်စေနိုင်သော   တုတ်၊ ဓားမျိုးစုံ၊   လေးခွ၊    ချိန်းကြိုး၊    သံကြိုး၊ ဝက်အူလှည့်၊  ကတ်ကြေး၊  သံလက်သီး၊ စကေဘာ စုစုပေါင်း ၃၄၆၈ ခု နှင့် အရက်၊ ဘီယာပုလင်း မျိုးစုံ ၅၃၅၅ ပုလင်း၊ ကာမ ရာဂစိတ်ကြွဆေးများဖြစ်သည့် သောက် ဆေး၊ လိမ်းဆေး၊ ထိုးဆေး၊ ဖျန်းဆေးမျိုးစုံ ၆၉၈ ဘူး၊ ဆေးလုံး ၁၂၉၈ လုံး၊ ဆေးကတ် ၂၁၄ ကတ်နှင့် ထိုးဆေး ၁ဝ ပုလင်းတို့ အား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စုစုပေါင်း ကြိုတင်ကာကွယ်ထိန်းသိမ်း တားဆီးခဲ့သူ ပေါင်းမှာ ၁၃၈ဝ ဦးဖြစ်၍ ပြစ်မှုကျူးလွန် သူများကိုလည်း        ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment