Latest News

Tuesday, April 24, 2018

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ငပုတောမြို့နယ်၌ ဇက်ဆိပ်ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ငပုတောမြို့နယ်၌
ဇက်ဆိပ်ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ပုသိမ်ခရိုင် ငပုတော မြို့နယ်  လိပ်ချောင်းကျေးရွာအုပ်စု ခြံကွင်းကျေးရွာသို့ သွားရောက်၍ မြောင်းမြမြို့ရှိ မြောင်းမြကြိုး တံတားပျက်ကျ ခဲ့ခြင်းကြောင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုတို့ အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန် ပုသိမ်ခရိုင် ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာ အုပ်စုနှင့် မြောင်းမြခရိုင် မြောင်းမြမြို့နယ် ညောင်ချောင်းလေး ကျေးရွာအုပ်စုတို့ ထိစပ်လျက်ရှိသော ပမ္မဝတီမြစ်အတွင်း လက်ရှိကူးတို့ဆိပ်နေရာ၌ ဇက်ဆိပ်ဆောက်လုပ်သွား မည်ဖြစ်သဖြင့် အဆိုပါ ကျေးရွာ နှစ်ရွာရှိ ဇက်ဆိပ် ချဉ်းကပ်လမ်းတည်ဆောက်နေမှု၊ ဇက်ဆိပ်ရေဆင်းလမ်း ကွန်ကရစ်ခင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

လပွတ္တာခရိုင်အတွင်းရှိ မြို့နယ်များ၏ လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်စေ ရေးတို့အတွက် လမ်းဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏   ကြီးကြပ်လမ်းညွှန်မှုဖြင့်   အမြန်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မြောင်းမြမြို့ဘက်ခြမ်းရှိ ညောင်ချောင်းလေး ကျေးရွာ၌ ကားရပ်နားစောင့်ဆိုင်းနိုင်ရေး၊ ပြည်သူလူထု အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး၊ မြောင်းမြမြို့၌ ဇက်ကူးသန်းမှု နှောင့်နှေးကြန့်ကြာမှု လျော့ပါးသက်သာ စေနိုင်ခြင်းနှင့် ဇက်ရေယာဉ်များ ချောမွေ့စွာ ဆိုက်ကပ်နိုင်ရေး ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး အဆိုပါလမ်းပိုင်းကို ဧပြီ ၂၄ ရက်မှစတင်၍ ကူးသန်း ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်

No comments:

Post a Comment