Latest News

Monday, April 30, 2018

နာဂစ် ၁၀နှစ်ပြည့် ပြည်သူလူထုအသိပညာပေးစကားဝိုင်းကို ပုသိမ်မြို့၌ ကျင်းပမည်

နာဂစ် ၁၀နှစ်ပြည့် ပြည်သူလူထုအသိပညာပေးစကားဝိုင်းကို
ပုသိမ်မြို့၌ ကျင်းပမည်

ပုသိမ်  ဧပြီ  ၃၀

   မေလ ၂ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ပုသိမ်မြို့ ၊ မြို့တော် ခန်းမ၌ ကျင်းပမည့် နာဂစ် ၁၀နှစ်ပြည့်အခမ်းအနားတွင် "နာဂစ်လွန်ပြန်လည် ထူထောင်ရေးမှသည် ဘေးဒဏ် ရင်ဆိုင်တုန့်ပြန်နိုင် စွမ်းရှိသည့် ပြည်သူလူထု ဖြစ်ပေါ်လာရေးဆီသို့. ဆောင်ပုဒ်ဖြင့်  ပြည်သူလူထု အသိပညာပေးစကားဂိုင်းကို ထည့်သွင်းကျင်းပမည်ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။

  ပြည်သူလူထု အသိပညာပေး စကားဝိုင်းတွင် နာဂစ်မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့်  တိုင်းဒေသကြီးအတွင်းရှိ ဖျာပုံမြို့၊ လပွတ္တာမြို့၊ ငပုတောမြို့နယ်များမှ CSOကိုယ်စားပြု ပုဂ္ဂိုလ် များ၊ လပွတ္တာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ၊ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများမှ "ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်များနှင့်အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊လူမှုစီးပွားရေးနှင့်အသက်မွေးမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် ကျားမ တန်းတူ ညီတူ ရှိမှုစသည့် ခေါင်းစဉ်များဖြင့် အဖွဲ့ခွဲ၍ ဆွေးနွေးကြမည်ဖြစ်သည်။

   မေလ ၂ရက်နေ့၊နံနက် ၉နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ ၊မြို့တော်ခန်းမတွင် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးမှသည် ဘေးဒဏ်ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိသည့် ပြည်သူလူထုဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် နာဂစ်၁၀နှစ်ပြည့်အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

သူဇာနွယ် (ဖျာပုံ)မြန်​မာ့အလင်း

No comments:

Post a Comment