Latest News

Monday, April 30, 2018

မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည့် ရက်နှင့်နေရာ စဉ်းစားနေဟု အမေရိကန်သမ္မတ ပြောကြား

မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည့်
ရက်နှင့်နေရာ စဉ်းစားနေဟု အမေရိကန်သမ္မတ ပြောကြား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံ ဆွေးနွေးရေးအတွက် ဆွေးနွေးပွဲရက်နှင့် ဆွေးနွေးမည့် နေရာကို စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် သမ္မတသည် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် လာမည့်မေလ သို့မဟုတ် ဇွန်လတွင် တွေ့ဆုံရန်စီစဉ် ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

မိမိအနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို တွေ့ဆုံဆွေးနွေးရေး အတွက် သင့်လျော်သည့် နေ့ရက်ကို ရွေးချယ်နေပြီး ဆွေးနွေးပွဲ နေရာအတွက် နေရာ ငါးနေရာကို စဉ်းစားထားကြောင်း သမ္မတဒေါ်နယ်ထရန့်က သည်ဖောက်စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် မိမိနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့အကြား ထိပ်သီး ဆွေးနွေးပွဲ ဖြစ်မြောက်ရန် ရှိ၊မရှိ မသေချာသေးကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပါက သမိုင်းတစ်လျှောက် အမေရိကန် သမ္မတတစ်ဦးနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့အကြား ပထမဆုံး အကြိမ်တွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ကြောင်း သိရသည်။

Pyi Chit Thar

No comments:

Post a Comment