Latest News

Saturday, April 7, 2018

ဟင်္သာတမြို့တွင်​ ၂ မိုင်​ခွဲအရှည်​ရှိ ကိုယ်​ထူကိုယ်​ထ ​ကျေးရွာ အုပ်​စုချင်းဆက်​ ဆက်​သွယ်​​ရေးလမ်း​ဖောက်​ 

ဟင်္သာတမြို့တွင်​ ၂ မိုင်​ခွဲအရှည်​ရှိ ကိုယ်​ထူကိုယ်​ထ ​ကျေးရွာ
အုပ်​စုချင်းဆက်​ ဆက်​သွယ်​​ရေးလမ်း​ဖောက်​ 


ဟင်္သာတ၊ ဧပြီ  ၇ ရက်​။

ဧရာဝတီတိုင်း​ဒေသကြီး၊ ဟင်္သတမြို့နယ်​တွင်​ သဲဘွက်​အုပ်​စုနှင့်​ လဟာပအုပ်​စုကိုဆက်​သွယ်​ထား​သော ​ကျေးရွာအုပ်​စုချင်းဆက်​ ကိုယ်​ထူကိုယ်​ထ ​မြေသားလမ်းကို ​ဖောက်​လုပ်​လျက်​ရှိ​ကြောင်း သိရသည်​။

ဟင်္သာတမြို့နယ်​ လဟာပအုပ်​စု လဟာပရွာနှင့်​ သဲဘွက်​အုပ်​စုရှိ ရှမ်းစုရွာ ​ချောင်းဖျားရွာနှင့်​ ကျွဲလမ်းစုရွာများကို ဆက်​သွယ်​ထား​သော လမ်းအား​ဖောက်​လုပ်​​နေခြင်းဖြစ်​ပြီး ​ဒေသခံများပူး​ပေါင်းကာ ​ဆောင်​ရွက်​လျက်​ရှိ​တယ်​လို့သိရပါတယ်​။

လမ်းဖြစ်​​မြောက်​​ရေး​ကော်​မတီဝင်​တဦးဖြစ်​သူ ဦး​အောင်​စိုးဝင်းမှ " လမ်းက နှစ်​မိုင်​ခွဲခန့်​ရှိပါတယ်​။ က​လေး​တွေရဲ့ ပညာ​ရေး​တွေ ​ဒေသ​နေပြည်​သူ​တွေရဲ့ ကျန်းမာ​ရေး ပြသနာ​တွေ ဖြစ်​လာရင်​ လမ်းမ​ကောင်း​တော့ ထမ်းပိုးပို့​နေရတာ​တွေ နှစ်​စဉ်​ဖြစ်​​နေ​တော့ ဒီနှစ်​က ပဲ​ဈေးစပါး​ဈေးမ​ကောင်းပြီး ​ကြပ်​တည်း​ နေ​ပေမယ့်​ ရွာကလူငယ်​​တွေ နဲ့ ဦး​ဆောင်​သူ​တွေ ပူး​ပေါင်းပြီး  မဖြစ်​ဖြစ်​​အောင်​​ဖောက်​လုပ်​​ရခြင်းဖြစ်​တယ်" ဟု  ​ဖြေကြားသည်​။

ကျွဲလမ်းစု-ရှမ်းစု-​ချောင်းဖျား- လဟာပ ​ကျေးရွာချင်းဆက်​ အုပ်​စုချင်းဆက်​ ဆက်​သွယ်​​ရေးလမ်းဖြစ်​​မြောက်​​ရေးအတွက်​ နိုင်​ငံသားဂုဏ်​သိက္ခာလိုအပ်​ချက်​ပြည့်​​စေရန်​ ဖြည့်​ဆည်း​​ပေး​သော အနယ်​နယ်​အရပ်​ရပ်​မှ ​စေတနာရှင်းများကို ​ကျေးဇူးတင်​​ကြောင်းလည်း ​ဒေသခံများက​ပြောကြားသည်​။

"ဒီလမ်းက ကိုယ်​ထူကိုယ်​ထ ဆို​ပေမယ့်​ အနယ်​နယ်​ အရပ်​ရပ်​က အလှူရှင်​​တွေရဲ့ ပံ့ပိုးကူညီမှု​တွေ​အ​ထောက်​အပံ့​ပေးမှု​ကြောင့်​ ​ဖောက်​လုပ်​နိုင်​ခြင်းဖြစ်​တယ်​။ တာဝန်​ရှိအပိုင်းရဲ့ မည်​သည့်​​ထောက်​ပံ့မှုမှ မပါသလို ဒီလမ်းနဲ့သက်​ဆိုင်​တဲ့ အုပ်​စုနှစ်​အုပ်​စု က အုပ်​စုအုပ်​ချုပ်​​ရေးမှူး​နှစ်​ဦး​တောင်​ ဒီလမ်း​ဖောက်​​နေစဉ်​ကာလမှာ လာ​ရောက်​ကြည့်​ရှုခြင်းမရှိပါဘူး။ အဲဒီအတွက်​ ဦး​ဆောင်​သူ​တွေအ​နေနဲ့ ကိုယ့်​အားကိုယ်​ကိုးပြီး ကြိုးစားအ​ကောင်​အထည်​​ဖော်​​နေရပါတယ်​"လို အဆိုပါလမ်းဖြစ်​​မြောက်​​ရေးဦး​ဆောင်​သူ ကို​အောင်​မျိုးသန့်​ က ပြောသည်​။

အဆိုပါလမ်းကိစ္စနှင့်​ပတ်သက်​ပြီး ၂၀၁၆ ခုနှစ်​ ဒီဇင်​ဘာလက တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ဆောင်​​သော မြို့နယ်​အဆင့်​ဌာနဆိုင်​ရာများပါဝင်​​သော အဖွဲ့ဒေသခံ များနှင့်​​တွေ့ဆုံစဉ်​တင်​ပြခဲ့သလို လွှတ်​​တော်​ သိန်းတ​ထောင်​ရန်​ပုံ​ငွေ​ခေါင်းစဉ်​နဲ့ တင်​ပြခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

ဖွံ့ဖြိုး​ရေးရန်​ပုံ​ငွေ  သိန်း ၄၀ ချထားမှု မှာ ၂ မိုင်​ခွဲအရှည်​ရှိ​သော လမ်းအတွက်​ ​မြေသားလမ်း စတင်​​ဖောက်​လုပ်​ ချိတ်​ဆက်​ရန်​နှင့်​ ​ကျောက်​​ချောခင်းရန်​နှင့်​ ဘတ်​ဂျတ်​နှစ်​ကုန်​ အပ်​နှံရန်​ မည်​သည့်​နည်းနှင့်​မျှ မဖြစ်​နိုင်​သည့်​အတွက်​ အဆိုပါ​ငွေအား လမ်းဖြစ်​​ရေး​ကော်​မတီမှ လက်​မခံခဲ့ပဲ ပြင်​ပအလှူရှင်​များလှူဒါန်း​သော ​ငွေ​ကြေးနှင့်​ ရသ​လောက်​နှင့်​ ​ရောက်​သ​မျှ ​ဖောက်​လုပ်​ရမည်​ဖြစ်​​ကြောင်းလည်း သိရသည်​။

ဓာတ်ပုံ - ရှမ်းလေး
သတင်း - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment