Latest News

Thursday, March 1, 2018

ပုသိမ်​တက္ကသိုလ် ဝင်/ထွက်ပေါက်(အသစ်)အနီးတွင်ယာဉ်တိုက်မူ့ဖြစ်ပွား လူသုံးဦးသေဆုံး


ပုသိမ် မတ်၁ရက်

ပုသိမ် မြို့ အမှတ်(၁၁)ရပ်ကွက် ပုသိမ်ငွေဆောင် ချောင်းသာကားလမ်း ပုသိမ်တက္ကသိုလ် ဝင်/ထွက်ပေါက်(အသစ်) အနီးတွင် ယနေ့နံနက်၇နာရီကျော်ခန့်က ဆိုင်ကယ်နှင့်ကားမတော်တဆယာဉ်တိုက်မူ့ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသူ နှင့်ခရီးသည် ၂ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရ ရှိသည်

သေဆုံးသူ သုံးဦးသည် ဆိုင်ကယ်နံပက် ၅၁ယ/၃၀၅၇၆ ကန်ဒါ ၁၂၅အနက်ရောင် ကိုမောင်းနှင်သူ ယာဉ်မောင်းခွန်မောင်ဦး(လိုင်စင်စိစစ်ဆဲ) နှင့် အထည်ချူပ်စက်ရုံဝန်ထမ်း မနော်မှူးဂေးဖေါ့ မနော်စေးကဖေါ့တို့ဖြစ်သည်

ဖြစ်စဉ်မှာ ယာဉ်ထိန်းရဲအုပ်သိန်းအေးတာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှူ့ဖြစ်ပွားခဲ့ကြောင်းသတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ တဲကြီးကုန်းဘက်မှ ရုပ်ထုဘက်သို့ ယာဉ်းမောင်းခွန်မောင်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်သည် အရှိန်ပြင်းစွာမောင်းနှင်လာပြီးဆိုင်ကယ်၏မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောမှ လမ်းမှန်အတိုင်းရုပ်ထုဘက်မှ တဲကြီးကုန်းဘက်သို့မောင်းနှင်လာသောကား 1E/8546 Toyota Probox
အဖြူရောင် ယာဉ်၏ ဦးခေါင်းအားဝင်ရောက်တိုက်မိပြီးခွန်မောင်ဦးမှာ မေးရိုးကွဲဒဏ်ယာ ဝဲနားကွဲဒဏ်ရာ နော်မှူးဂေးဂေးဖေါ့မှာ ဝဲမျက်ခုံးဒဏ်ယာ အောက် နှူတ်ခမ်းကွဲဒဏ်ယာ နော်စေးကဖေါ့မှာ ပါးစပ်သွေးထွက်ဒဏ်ရာများရရှိခဲ့ပြီးအခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်းပုသိမ်မြို့မ ရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်မြင့်ထွန်းနိုင်ထံမှသိရသည်

"ရဲအရေးပိုင်ထဲမှာဆိုတော့ ယာဉ်ထိန်းက ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ယာဉ်မောင်းခွန်မောင်ဦးကိုသေဆုံးသွားပေမဲ့ဥပဒေလမ်းကြောင်းအရ အမူ့ဖွင့်ထားတယ် သေဆုံးသူတွေက ဦးထုပ်လည်းမဆောင်းဘူး ဆိုင်ကယ်ကိုလည်းနှစ်ယောက်အထက်တင်ဆောင်ထားတယ်"ဟုရဲအုပ်မြင့်ထွန်းနိုင်မှတိုင်းဧရာကိုပြောသည်

လက်ရှိတွင် အမူ့စစ် တရားလို ယာဉ်ထိန်း ရဲအုပ် သိန်းအေးဒုယထရခွဲ (၁၃)သည် မဆင်မခြင်မောင်းနှင်လာသည့် ကန်သာယာ ကင်မလင်ကျွန်း ပုသိမ်တွင်နေထိုင်သူယာဉ်မောင်းခွန်မောင်ဦး ပအို့/ဗုဒ္ဓ မပတရှိ/မမှတ်မိ ဒေါင်းလောင်းအထည်ချူပ်ဝန်ထမ်း အား ရာဇသတ်ကြီးပုဒ်မ ၃၀၄ က ဖြင့်ပုသိမ်မြို့မ ရဲစခန်းတွင် နေ့လည် ၁၂ :၄၅အချိန်က ယာဉ်အားမဆင်မခြင်မောင်းနှင်လာသော်ကြောင့်အမူ့ဖွင့်တိုင်ကြားထားကြောင်းသတင်းရ ရှိသည်

သတင်းထောက် ရွှေရည်ဝင်း
Photo- အောင်အောင်






No comments:

Post a Comment