Latest News

Sunday, March 4, 2018

ဘိတ်ခေါ်ပါသည် လေးမျက်နှာကမ်းသာယာဆီ


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်
လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်သည်
ဧရာဝတီမြစ်ကြီး၏ မြစ်လက်တက်ဖြစ်သည်။
မြောက်မှတောင်သို့စီးဆင်းနေသည့်မြစ်ဖြစ်ပီး
ထိုမြစ်ကြောင်းမှ ယခုအခါ လေးမျက်နှာမြို့သစ်နှင့်
မြို့ဟောင်းကြားရှိ
ယခင်မြို့ဟောင်း(မြို့မရပ်ကွက်)နေရာ
အရှေ့ဖက်ကမ်းခြေ၌ ကျယ်ဝန်းညီညာပြန့်ပြူးသော
သဲသောင်ပြင်ကြီးဖြစ်ထွန်းလျှက်ရှိပြီး
သောင်ပြင်ပတ်လည်တွင်
မတိမ်လွန်းမနက်လွန်းသောရေပြင် ငြိန့်ညောင်းသော ရေလှိုင်းက်ြခွပ်လေးများနှင့် ညင်သာစွာစီးဆင်းနေသည့် ရေအလျှင်ရှိပြီး အနောက်ဖက်တွင်
ရှေးဟောင်းသမိုင်းဝင်စတုမုခထူပါရုံစေတီတော်
မြတ်ကြီးနှင့် ကမ်းခြေအထက်တွင်
ငဝန်မြစ်ကူးတံတားကြီး ပေါ်ထွန်းလာမည့်အခြေအနေများကြောင့် ယခင်နှစ်က ယခုကဲ့သို့ ပွင်းလင်းရာသီတွင် လေးမျက်နှာကမ်းသာယာအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ အပန်းဖြေသူများ ရေချိုးသူများ လေ့လာသူများဖြင့် အထူးပင်စည်ကားခဲ့ပါသည်။
ဖွံ့ဖြိုးတိုးတက်လာသည့်ခေတ်တွင် မိမိတို့ဒေသရှိ သဘာဝအရင်းအမြစ်များအပေါ် ခရီးသွားလုပ်ငန်းစဉ်များရှိရေး ဒေသခံများ၏ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ တစ်ဖက်တစ်လမ်းမှရှိရေး ငွေကုန်မှသွားရောက်နိုင်သည့် ငွေဆောင် ချောင်းသာ
ကမ်းခြေများ သွားရောက်ရန်မလိုဘဲ ရေချိုး၍ သဘာဝလေကောင်းလေသန့်များ
ရှိနိုင်သည့်အတွက် ယခုနှစ်တွင်လည်း ကမ်းသာယာအပန်ဖြေစခန်းအဖြစ် (၁၁-၃-၂၀၁၈) ရက်နေ့တွင်
ဖွင့်လှစ်နိုင်ရေး စီစဉ်နေပြီဖြစ်ပါသည်။
ကမ်းခြေမှရှုမျှော်ကြည့်လျှင် အရှေ့ဖက်တွင်
ဝဏ္ဏကျော်ထင်ဦးစိန်အောင်မင်းစေတီတော် |ဗူးဘုရားစေတီတော် | အနောက်ဖက်ကမ်းနဖူးပေါ်တွင် သမိုင်းဝင်စတုမုခထူပါရုံစေတီတော်မြတ်ကြီး
အကယ်ဒမီမော့စ်|မိုးဝင်း|မိုးမင်းတို့မွေးရပ်ဌာနေ
လေးမျက်နှာမြို့ဟောင်း တစ်စိတ်တစ်ပိုင်းကို
လှမ်းမျှော်ကြည့်ရှုနိုင်ပြီး
အနောက်ရိုးမတောင်တန်းကြီးနှင့်အတူ နေဝင်ချိန်နေလုံးကြီးကိုလည်း ထင်ရှားစွာတွေ့မြင်ခံစားနိုင်ပါသည်
ငဝန်မြစ်ရေကြည်ကြည်လင်လင် ရေချို ရေအေးကို အားရကျေနပ်စွာရေချိုး ရေကူးဆော့ကစားလျှက်
ရေငန်ပင်လယ်ရေကဲ့သို့ ရေချိုရေသန့် ထပ်မံမချိုးရသည်အထိ ရေကြည်လင်သန့်ရှင်းလှပါသည်။
ကမ်းသာယာတွင် အမှတ်တရ အင်္ကျီများ ခရုပုတီးများ ရေကူးဘောကွင်းများ အုန်းရေ လတ်ဆပ်သော ဒေသထွက် ကမ်းခြေအစားအသောက်များ စက်လှေများနှင့် အခြားဝန်ဆောင်မှုများလည်း ပြည့်စုံစွာ
စီစဉ်ထားပါသည်။
လေးမျက်နှာကမ်းသာယာ အပန်းဖြေရင်း တစ်ဆက်တစ်စပ်တည်းသွားရောက်ဖူးမျှော်
လေ့လာနိုင်သော နေရာများလည်းရှိပါသည်။
အနော်ရထာမင်းကြီးတည်ထားခဲ့သော
သမိုင်းဝင်စတုမုခထူပါရုံစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓသီဟိုစွယ်တော် (လေးမျင်နှာမြို့ဟောင်း)နှင့်
သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိထူပါရုံစေတီတော်(လေးမျက်နှာမြို့သစ်)
အဘယမုနိရုပ်ရှင်တော်ရုပ်ပွားတော်မြတ်ကြီး(ကံကုန်းကျောင်းတိုက်-ခတ္တူရွာ) ရွှေကျင်သာသနာပိုင်
ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ မွေးရပ်မြေနှင့်
ရုပ်ထုတော် (မြို့မတာကြီးတန်း)
ပထမ/ဒုတိယထွဋ်ခေါင်ဆရာတော်ကြီးများ၏
မွေးရပ်မြေ (မြင်းကုန်းရွာ) မပုပ်မသိုးယနေ့တိုင်
ဖူးမျှော်နိုင်သည့်နိဗ္ဗာန်ကျောင်းဆရာတော်
ဦးဥက္ကဌ(ခုံကြီးရွာ) -ဆရာတော်ဦးဥတ္တရ(ကံတက်ကုန်းရွာ)| ကျောက်စာဝန်ဦးမြ၏မွေးရပ်မြေ(မြို့မ
တာကြီးတန်း) | ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၏ မွေးရပ်မြေ(မြစ်ကျိုး) အာဇာနည်စန်းစန်း၏မွေးရပ်မြေ(ကျွန်းတဲရွာ) စန္ဒယားဦးလူမော်၏မွေးရပ်မြေ(ဘိသလွန်ရွာ) အကယ်ဒမီမော့စ်|မိုးဝင်း|မိုးမင်းတို့၏မွေးရပ်မြေ (ခုံကြီး-ဈေးသစ်ကုန်း)
|ငဝန်မြစ်ကူးတံတားလေးမျက်နှာ လုပ်ငန်းခွင် ခတ္တူရွာမြေအိုးလုပ်ငန်း| ခုံကြီးရွာသင်ဖျာလုပ်ငန်း
များကိုလည်း လေ့လာနိုင်ပါသည်။
လေးမျက်နှာကမ်းသာယာသို့
လာရောက်အပန်းဖြေလိုက (ရန်ကုန်-ဟင်္သာတ-လေးမျက်နှာကမ်းသာယာ) |ပုသိမ်-ငါးသိုင်းချောင်း-လေးမျက်နှာကမ်းသာယာ) | အနောက်ဖက်ပုသိမ်-မုံရွာလမ်းမကြီး
လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာမှ ခတ္တူ
ထူပါရုံစေတီတော်ကြီးမှတဆင့် ကမ်းသာယာသို့ လာရောက်နိုင်ပါကြောင်း လေးမျက်နှာကမ်းသာယာမှဘိတ်ခေါ်လိုက်ပါသည်။

လှိုင်အေး(လေးမျက်နှာ)

လိပ်စာ
ဦးလှိုင်အေး(၁၄/လမန(နိုင်)၀၂၂၂၂၁
အမှတ်(၄/၂၀က)
အမှတ်(၄)ရပ်ကွက် |ဗိုလ်ချုပ်လမ်း
ဧရာဝတီတိုင်းဒေသကြီး
လေးမျက်နှာမြို့
၀၉-၄၂၂၄၆၉၈၁၄

No comments:

Post a Comment