Latest News

Saturday, March 3, 2018

သမုတ်ရွာတွင် အသက် ၁၄နှစ်အရွယ် မိန်းကလေးအား သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား


မြိတ်မြို့နယ်၊ သမုတ်ရွာကျေးရွာအုပ်စု၊ ဝါးကုန်းကျေးရွာတွင် အသက် ၁၄ နှစ်အရွယ်မိန်းကလေးအား သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မ------မှ ကျန်းမာရေး မကောင်းသဖြင့် အုပ်ထိန်းသူမှ မ------၏ နေအိမ်သို့ သွားရောက်ပြီး သမီး၏ကျန်းမာရေး အခြေအနေအား မေးမြန်းစမ်းသပ်ရာ ဓမ္မတာမလာသည်မှာ (၂)လ ရှိနေကြောင်းသိရပြီး ဆီးစစ်တံနှင့်စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေသည့် လက္ခဏာ တွေ့ရကြောင်း သိရပါတယ်။

သမုတ်ရွာအုပ်စု၊ ဝါးကုန်းကျေးရွာတွင် နေထိုင်သူ မ------ သည် ဇန်နဝါရီလ ၉ ရက်နေ့၊ည ၆ နာရီခွဲအချိန် တစ်ရွာတည်းနေ ဦးမျိုးငယ်အိမ်တွင် ဗွီဒီယိုကြည့်ရန် နေအိမ်မှ တစ်ယောက်တည်း ထွက်လာစဉ် တစ်ရွာတည်းနေသူ နိုင်နိုင်ဝင်း(ခ)ဖိုးပုတ် (၄၄ )နှစ်၊ဆိုသူမှ လမ်းခုလတ်တွင် စောင့်ဆိုင်းပြီး မ-------အား ၎င်းလမ်းဘေးချုံပုတ်ထဲသို့ ဆွဲခေါ်ကာ သားမယားမဖြစ် (၁)ကြိမ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ ည ၆ နာရီခွဲအချိန်ခန့်တွင် ထပ်မံ၍ သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်အား လူကြီးများသိလျှင် ဆူပူကြိမ်းမောင်းမည်ကို ကြောက်ရွံ့ပြီး မ-------မှာ မည်သူ့ကိုမျှ မပြောဆိုပဲ နေခဲ့ကြောင်းသိရပါတယ်။

ပြစ်မှုကျူးလွန်သူ နိုင်နိုင်ဝင်း(ခ)ဖိုးပုတ် (၄၄ )နှစ်၊ အား သမုတ်နယ်မြေရဲစခန်းမှ (ပ)၁၂ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)

No comments:

Post a Comment