လှည်းကူးတွင် မီနီဘတ်စ်ယာဉ်က ရပ်ထားသည့်
ယာဉ်သုံးစီးအား ဝင်တိုက်၊ သုံးဦးဒဏ်ရာရ တစ်ဦးသေဆုံး
လှည်းကူး မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်တွင် မတ် ၁၆ ရက် နံနက် ၉ နာရီက တိုယိုတာဟိုက်အေ့ မီနီဘတ်စ် ယာဉ်က လမ်းဘေးတွင်ရပ်ထားသော ယာဉ်သုံးစီးအား ဝင်တိုက်ရာ သုံးဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဟန်မိုးအောင်(၃၇)နှစ် တိုင်းလုံးအောင်လမ်း ရွှေညောင်(၁) ရပ်ကွက် မကွေးမြို့နယ်နေသူမောင်းနှင် လာသည့် တိုယိုတာ ဟိုက်အေ့ မီနီဘတ်စ်ယာဉ်သည် ရိပ်သာရပ်ကွက် လမ်းလယ်ကျွန်း အမှတ်(၁၁ဝ)အရောက်တွင် ယာဘက်လမ်းအစပ် တွင် ရပ်ထားသော ဖောယာဉ်နှင့် ၎င်းယာဉ်၏ ဝဲဘက်တွင် ရပ်နေသူ နှစ်ဦးကို တိုက်မိခဲ့ပြီး ရပ်ထားသော ဖောလန်ယာဉ်အား ထပ်မံတိုက်မိခဲ့ သဖြင့် ယာဉ်သုံးစီး ပျက်စီးခဲ့သည်။
ယာဉ်မောင်း ဟန်မိုးအောင်တွင် ဖူးရောင်ဒဏ်ရာနှင့် အောင်ကိုကိုဖြိုး တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်း လူနာအဖြစ်နှင့် ဖောယာဉ်မောင်း အောင်ကျော်ထွန်းတွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် လှည်းကူးဆေးရုံတွင် တက်ရောက် ကုသနေပြီး ဖောလန်ယာဉ်မောင်း စည်သူတွင် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းသူ ယာဉ်မောင်း ဟန်မိုးအောင်အား လှည်းကူးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။
သန်းဝင်း(လှည်းကူး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment